ဒီးမော့ဆိုအရှေ့ဖက်ခြမ်းတိုက်ပွဲတွင် ကျဆုံးသွားသည့် KNDF B- 9မှ ရဲဘော်၏စျာပန

By ကိုဇာနည် (မဇ္ဈိမ)
25 May 2023
ဒီးမော့ဆိုအရှေ့ဖက်ခြမ်းတိုက်ပွဲတွင် ကျဆုံးသွားသည့် KNDF B- 9မှ ရဲဘော်၏စျာပန

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကရင်နီပူးတပ်တို့ ထိတွေ့တိုက်ပွဲ၌ KNDF -09 မှ ရဲဘော် တစ်ဦးကျဆုံးခဲ့သည်။

ကျဆုံးသွားသည့် KNDF B-09 မှ ရဲဘော် မောင်ဂျွန်ဘက်သည် မေလ ၂၃ ရက်နေ့ စစ်ကောင်စီတပ်နှင့်ထိတွေ့တိုက်ပွဲဲဖြစ်ပြီးရှေ့တန်းတစ်နေရာ၌ ထိခိုက်ကျဆုံးသွားကြောင်း KNDF B-09 က ယနေ့ မေလ ၂၅ ရက်နေ့တွင်ထုတ်ပြန်သည်။

ကျဆုံးသွားသည့် ရဲဘော် မောင်ဂျွန်ရောဘက် ၏ စျာပနကို ကရင်နီပြည်နယ်တစ်နေရာ၌ ဒီကနေ့ မေလ ၂၅ ရက်နေ့မှာ မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရဲဘော်  "မောင်ဂျွန်ရောဘက်" သည် KNDF B-09 တပ်ရင်း၌ အမိန့်နာခံ တာဝန်ကျေပွန်စွာ ထမ်းဆောင်သည့် ရဲဘော်တစ်ဦးဖြစ်ပြီးကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် အမှန်တကယ် ဖယ်ဒရယ်ဒီမိုကရေစီအတွက် အသက်ကို ပဓာနမထားဘဲ ရဲရင့်စွာတိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့သော ရဲဘော် မောင်ဂျွန်ရောဘက် အား ကရင်နီပြည်သူရဲကောင်းအဖြစ် အလေးပြု မှတ်တမ်းတင်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required