မန္တလေးမြို့တွင် လေပြင်းတိုက်ခိုက်မှုကြောင့် အပျက်စီးဆုံးရှုံးမှုများဖြစ်

မန္တလေးမြို့တွင် လေပြင်းတိုက်ခိုက်မှုကြောင့် အပျက်စီးဆုံးရှုံးမှုများဖြစ်

မန္တလေး(မဇ္ဈိမ)။ ။မန္တလေးမြို့တွင် ဧပြီ ၂၁ရက်၊ ည ၇နာရီခန့်က လေပြင်းတိုက်ခိုက်မှုကြောင့် အပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော်လည်း လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။

ထိုလေပြင်းတိုက်ခိုက်မှုကြောင့် ၂၆လမ်း၊ ကမ်းနားလမ်းတစ်လျှောက် အိမ်အမိုးလန်ခြင်း၊ လမ်းမီးတိုင်နှင့် သစ်ပင်များ ကျိုးကျခဲ့သည်။

အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်တွင်လည်း နှစ်ထပ်အိမ်တစ်လုံး သစ်ပင်ပိခြင်း၊ နေအိမ်များ သွပ်ပြားလွင့်ထွက်ခြင်းများ ဖြစ်ပွားခဲ့သည်။

ထို့အတူ ၈၄လမ်း၊ ၄၀လမ်းနှင့် ၄၁လမ်း၊ ၃၆လမ်း၊ ၈၅လမ်းနှင့် ၈၆လမ်းကြားတို့တွင်လည်း နေအိမ် ၁၀အိမ်နီးပါး ခေါင်လန် ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly