ပွင့်ဖြူမြို့နယ်တွင် လောင်းကစားဝိုင်းပြုလုပ်နေသည့် ပျူစောထီး ဆိုသူ ပစ်ခတ်ခံရ၍ သေဆုံး

By KMN (မဇ္ဈိမ)
14 April 2023
ပွင့်ဖြူမြို့နယ်တွင် လောင်းကစားဝိုင်းပြုလုပ်နေသည့် ပျူစောထီး ဆိုသူ ပစ်ခတ်ခံရ၍ သေဆုံး

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် လောင်းကစားဝိုင်းပြုလုပ်နေသည့် ပျူစောထီး ခေါင်းဆောင်ဆိုသူကို ယမန်နေ့ ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့၌ ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း ဒေါင်းညီနောင် မြို့ပြ‌ပြောက်ကျားအဖွဲ့ (Peacocks Brother Urban Guerilla)မှ ခေါင်းဆောင်တစ်ဦးက ပြောသည်။

"ပွင့်ဖြူမြို့၊ရှောက်တောရွာ အရှေ့ဘက် လက်ပံနွယ်မှာ လောင်းကစားဒိုင်ဖွင့်ထားတဲ့ ပျူစောထီး ခေါင်းဆောင် အောင်နိုင်စိုးကို ကျနော်တို့ပွင့်ဖြူအခြေစိုက်တဲ့ ဒေါင်းညီနောင်ခေါင်းဆောင် ကိုရှည်ကြီးက မနေ့က မွန်းလွဲပိုင်းလောက်က ပစ်ခတ်ရှင်းလင်းခဲ့တာပါ။ပစ္စတိုနဲ့ လေးချက်ပစ်ခတ်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရတယ်"ဟု ဒေါင်းညီနောင် မြို့ပြ‌ ပြောက်ကျားအဖွဲ့ (ဆားလင်းကြီးမြို့နယ်) ခေါင်းဆောင် ကိုသတ္တိက ဆိုသည်။

ဒေါင်းညီနောင် မြို့ပြ‌ပြောက်ကျားအဖွဲ့သည် မကွေးတိုင်း၊ဆားလင်းမြို့နယ်နှင့် ပွင့်ဖြူမြို့နယ်တွင် အဖွဲ့ နှစ်ဖွဲ့ခွဲပြီး စစ်ရေးလူပ်ရှားနေကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၊ ရှောက်တောရွာဝန်းကျင်တွင် လောင်းကစားဝိုင်းများ မကြာခဏ ပြုလုပ်ကျင်းပနေပြီး ပျူစောထီး ခေါင်းဆောင် အောင်နိုင်စိုး ကိုပစ်ခတ်ရှင်းလင်းပြီး နောက်ပိုင်းတွင် လောင်းကစားဝိုင်းအချို့ ရပ်နားထားကြောင်း ဒေါင်းညီနောင် မြို့ပြ‌ပြောက်ကျားအဖွဲ့က ပြောသည်။

စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required