ကိုကိုးကျွန်းပေါ်မှာ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေ ကူညီတည်ဆောက်နေတယ်ဆိုတဲ့ သတင်းများအား တရုတ် ငြင်းဆို

ကိုကိုးကျွန်းပေါ်မှာ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေ ကူညီတည်ဆောက်နေတယ်ဆိုတဲ့ သတင်းများအား တရုတ် ငြင်းဆို

ဘင်္ဂလားပင်လယ်အော်အတွင်းရှိ ဝေးလံခေါင်ဖျား ကိုကိုးကျွန်းပေါ်မှာ သူလျှိုစခန်းတစ်ခု ကူညီဆောက် ပေးနေတယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်းတွေနဲ့ပတ်သက်လို့ အိန္ဒိယနိုင်ငံရဲ့ ပြောကြားချက်တွေကို တရုတ် နိုင်ငံက ငြင်းဆိုလိုက်ပါတယ်။

“ဒီသတင်းတွေက အဓိပ္ပာယ်မရှိပါဘူး” လို့ တရုတ်နိုင်ငံက ကိုကိုးကျွန်းပေါ်မှာ စစ်ကောင်စီကို သူလျှိုစ ခန်းတစ်ခု ကူညီတည်ဆောက်ပေးခြင်းရှိ မရှိ ဘလွန်းဘဂ်သတင်းဌာနရဲ့ မေးမြန်းချက်ကို တရုတ်နိုင်ငံခြားရေးဝန် ကြီးဌာနက ငြင်းဆန်လိုက်တာဖြစ်ပါတယ်။

အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ကိုကိုးကျွန်းပေါ်မှာ ကြားဖြတ်နားထောင်စခန်းတစ်ခု တည်ဆောက်ရာမှာ တရုတ်အလုပ်သမားတွေက ကူညီနေတယ်ဆိုတာကို အဆင့်အသီးသီးရှိ အိန္ဒိယအစိုးရ ကိုယ်စားလှယ်တွေက စစ် ကောင်စီ တာဝန်ရှိသူတွေထံ ဂြိုဟ်တုဓာတ်ပုံတွေ မျှဝေခဲ့တယ်လို့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတွေက ပြောပါ တယ်။

ကိုကိုးကျွန်းမှာ တရုတ်ရဲ့စစ်ဘက်ထောက်လှမ်းရေး အခြေစိုက် ကွန်ရက်တွေ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်လာတယ်လို့ ယုံကြည်ရတဲ့ အခြေအနေအတွက် အိန္ဒိယက အာဏာသိမ်းမြန်မာစစ်ကောင်စီကို ပြီးခဲ့တဲ့လပိုင်းတွေအတွင်း ဆက်တိုက် ဖိအားပေး ကန့်ကွက်နေတယ်လို့ သိရပါတယ်။

အထူးသဖြင့် တရုတ်ဟာ အဲဒီ အဆောက်အအုံတွေ တိုးချဲ့ တည်ဆောက်မှုအတွက် ကိုကိုကျွန်းကို လုပ်သားတွေ တိုက်ရိုက် ပို့ဆောင်ခဲ့ပြီး မြန်မာစစ်ကောင်စီဟာတရုတ် အကူအညီနဲ့ ကျွန်းပေါ်က လေယာဉ်ပြေးလမ်း တစ်ခုကိုပါ တိုးချဲ့ တည်ဆောက်ထားပြီးပြီ ဆိုတာကို ဂြိုဟ်တု ဓာတ်ပုံတွေအရ အတည်ပြုနိုင်ခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ကိုကိုးကျွန်းပေါ်မှာ တရုတ်ရဲ့ သူလျှို အခြေစိုက်စခန်းတစ်ခု တည်ဆောက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ် မရှိဘူးလို့ တုံ့ပြန်ထားပါတယ်။ ပြီးတော့ မြန်မာ့မြေပေါ်မှာ နိုင်ငံခြားတပ်တွေ အခြေစိုက်ခွင့်ကို လုံးဝ ခွင့်ပြုမှာ မဟုတ်ကြောင်းလည်းသူကဆိုပါတယ်။

မြန်မာနိုင်ငံပိုင် ကိုကိုးကျွန်းပေါ်မှာ တရုတ်နိုင်ငံက စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေ ကူညီဆောက် ပေးနေတယ်လို့ အနောက်နိုင်ငံတွေရဲ့ ဂြိုဟ်တုဓာတ်ပုံတွေအရ ဖော်ပြပြီးနောက် အခုလိုသတင်းတွေ ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ်ခဲ့တာပါ။

အခုလိုသတင်းတွေကို မီဒီယာတွေက ဖော်ပြီးနောက် အိန္ဒိယနိုင်ငံက အန်ဒမန်နဲ့ နီကိုဘားကျွန်းသို့ ကြား ဖြတ်ဟန့်တာရေးစနစ်တွေ ပို့ဆောင်ခဲ့ပြီး အခြေအနေကို အနီးကပ် စောင့်ကြည့်မယ်လို့ ဆိုပါတယ်။

ကိုကိုးကျွန်းပေါ်မှာ တရုတ်နိုင်ငံက စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေ ကူညီတည်ဆောက်ပေးတာ ဟာ အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခုလို့ အိန္ဒိယမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

မြန်မာဖက်က အဲဒီလို အဆောက်အအုံတွေ တိုးချဲ့တည်ဆောက်မှုမှာ တရုတ် ပါဝင် ကူညီတယ် ဆိုရင်တောင်မှ တရုတ်ရဲ့ လွှမ်းမိုးထိန်းချုပ်မှု မရှိဖူးဆိုတဲ့ သဘောမျိုး ပြောပေမယ့် အိန္ဒိယရဲ့ စိုးရိမ် သောကတွေကတော့ လျော့ပါးမသွားဘူးလို့ သတင်းရင်းမြစ်တွေက Bloombergကို ပြောပါတယ်။

ကိုကိုးကျွန်းမှာတရုတ်ရဲ့ စစ်အခြေစိုက် စခန်းငယ် တစ်ခုကို မြန်မာစစ်တပ်က ဖွင့်လှစ်ခွင့် ပြုထားတယ်ဆိုတဲ့ သတင်းတွေဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက ပျံ့နှံ့နေခဲ့ပေမယ့် သီးခြား အတည်ပြုလို့တော့မရပါဘူး။ 

ဘင်္ဂလားပင်လယ်အော်ထဲက ကိုကိုးကျွန်းကို စစ်အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိနေတယ်လို့ စစ်ကောင်စီရဲ့ ဧပြီလ ၁၀ရက်ထုတ် သတင်းစာတွေမှာဖော်ပြပါတယ်။

စစ်ဘက်ဆိုင်ရာအဆောက်အဦးတွေတိုးချဲ့ဆောက်လုပ်နေတယ်ဆိုတဲ့သတင်းတွေကျယ်ကျယ်လောင်လောင်ထွက်နေချိန်မှာပဲ အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်ဟာ အဲဒီကျွန်းကို သွားရောက်နေတာပါ။

ခရီးစဉ်ကတော့ နိုင်ငံတကာကုန်သွယ်ရေကြောင်းမှာ အ‌ရေးပါတဲ့ ကပ္ပလီပင် လယ်ပြင်(Andaman Sea) နဲ့ ဘင်္ဂလားပင်လယ် အော် (Bay of Bengal) တို့ နှစ်ခုဆုံမှတ်တည် နေရာမှာ ကျောက်တိုင် စိုက်ထူ တဲ့အခမ်းအနားတက်ရောက်တာလို့ စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေက ဆိုကြပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required