တိုက်ပွဲဖြစ်ပွားခဲ့သည့် မြဝတီမြို့ကို စစ်ကောင်စီက ညမထွက်ရအမိန့်ထုတ်ပြန်

တိုက်ပွဲဖြစ်ပွားခဲ့သည့် မြဝတီမြို့ကို စစ်ကောင်စီက ညမထွက်ရအမိန့်ထုတ်ပြန်

ကရင်ပြည်နယ်အတွင်းရှိ မြဝတီမြို့အပါအဝင် မြို့နယ်အချို့မှာ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ည ၁၀နာရီမှ နံနက် ၄နာရီအချိန်အထိ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

မတ်လ ၂၅ရက်နေ့ နံနက်ပိုင်းအချိန်ကစပြီး မြဝတီမြို့အပါအဝင် ကျုံဒိုးနဲံ ကော့ကရိတ်မြို့တွေမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

 မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးအဓိကနေရာဖြစ်တဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့ ကုန်သွယ်ရေးဇုန်ရှိ   စစ်ကောင်စီပစ်မှတ်တွေကို  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ပူးပေါင်းတပ်ဖွဲ့ တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။    
                                                         
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မြဝတီမြို့ကို မတ်လ ၂၅ရက်နေ့ ညနေပိုင်းအချိန်ကစပြီး ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ခြင်းဖြစ်တယ်လို့ သိရပြီး နှစ်ဖက်တိုက်ပွဲမှာ မတ်လ ၂၅ရက်နေ့ ညပိုင်းအချိန်အထိ ပစ်ခတ်မှုတွေရှိခဲ့တာလည်းဖြစ်တယ်လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required