MOGE ကို အရေးယူပိတ်ဆို့ရေး ကျေးရွာပေါင်းစုံသပိတ်ချီတက် တောင်းဆို

By ပါခွီး (မဇ္စျိမ)
12 March 2023
MOGE ကို အရေးယူပိတ်ဆို့ရေး ကျေးရွာပေါင်းစုံသပိတ်ချီတက် တောင်းဆို

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာပေါင်းစုံ သပိတ်ကော်မတီနှင့် ဒေသခံပြည်သူများပူးပေါင်းပြီး စစ်ကောင်စီကို ဝင်ငွေဖြည့်တင်းပေး နေသည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ပိတ်ဆို့အရေးယူရန် မတ်လ ၁၂ ရက် ယနေ့တွင် ချီတက်တောင်းဆိုကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “သွေးစွန်းငွေလားရာ MOGE ကို ချက်ချင်းအရေးယူ ပိတ်ဆို့ပေး” စာတန်း ကိုင်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများဟစ်ကြွေးခဲ့ပြီး ကျဆုံးခဲ့သော အာဇာနည်များ ကို အလေးပြုခဲ့ကြသည်။

ယနေ့သည် ရွာပေါင်းစုံသပိတ်ကော်မတီ၏ ဆန္ဒပြပွဲ ရက်ပေါင်း (၇၃၃) ရက်မြောက် အဖြစ် ချီတက်ခြင်း ဖြစ်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required