မန္တလေးတွင် ဒလန်ဆိုသူလင်မယား ဆိုင်ကယ်စီးလာစဉ် ပစ်သတ်ခံရ

By 007 ၊ 008 မဇ္စျိမ
12 March 2023
မန္တလေးတွင် ဒလန်ဆိုသူလင်မယား ဆိုင်ကယ်စီးလာစဉ် ပစ်သတ်ခံရ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၁၆(A)လမ်း၊ ၆၇ လမ်းနှင့် ၆၈ လမ်းကြားတွင် မတ်လ ၁၁ ရက်နေ့ နံနက် ၉ နာရီကျော်က ဒလန်ဟုဆိုသည့်လင်မယားနှစ်ဦးကို  ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Special Task Force – Mandalay(STF -MDY)မှ သတင်းထုတ်ပြန်ထားသည်။

အသတ်ခံရသူများမှာ ကညနရုံးတွင် လိုင်စင်ပွဲစားလုပ်ငန်းလုပ်ကိုင်သည့်  ကိုသိန်းသန်းစိုးနှင့် မပုံ့ပုံ့တို့ဖြစ် ပြီး ၎င်းတို့သည် ပြည်ကြီးတံခွန်မြို့နယ်အတွင်း၌ တော်လှန်ရေး ရဲဘော်များအား ထောင်ဖမ်းရာတွင်ပါဝင် ခြင်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကူညီပေးနေခြင်းများ ပြုလုပ်နေသူဖြစ်ကြောင်း ဆိုသည်။

“အုပ်ကြီးရုံးနားမှာ အပစ်ခံရတာပါ၊ ရုံးကိုလာကြတာထင်တယ်၊ ဆိုင်ကယ်တစ်စီးနဲ့ နှစ်ယောက်အတူ လာ ကြရင်း အပစ်ခံရတာ၊ နှစ်ယောက်စလုံးသေတယ်ဟု” ဒေသခံတစ်ဦးကပြောသည်။

ပစ်ခတ်ခံရမှုကြောင့် နှစ်ဦးစလုံးတွင် ဦးခေါင်း၌ကျည်ဆန်ဖောက်၀င်ဒဏ်ရာများရရှိပြီး နေရာတွင်ပွဲချင်း ပြီး  သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူများ စီးနင်းလာသည့်  ကလစ်ဆိုင်ကယ်ကိုလည်း သိမ်းယူခဲ့ကြောင်း STF – MDY ၏ ထုတ်ပြန် ချက်တွင်ဖော်ပြထားပြီး ၎င်းတို့အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ကို ကူညီနေသူများ၊ အုပ်ချုပ်ရေးမှူးများနှင့် ဒလန်များကို ဆက်လက်သုတ်သင်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly