ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှတိုက်ခိုက်

By သွင်ထူးဈာန်(မဇ္ဈိမ)
20 February 2023
ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှတိုက်ခိုက်

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆) ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့တောင်ဘက်ရှိ ကျေးရွာတရွာကို စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်း တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

စစ်ကောင်စီတပ်သည် ယနေ့ဖေဖော်ဝါရီလ ၂၀ ရက် နံနက် ၉ နာရီ ၁၈ မိနစ်နှင့် ၉ နာရီ ၄၅ မိနစ်တို့တွင် နှစ်ကြိမ် နှင့် ယမန်နေ့ ည ၁၂ နာရီက တစ်ကြိမ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

“အဲ့ဒီရွာမှာ တိုက်ပွဲမရှိပါဘူး၊ တမင်သက်သက်လာကြဲတာပါ။ လူထိခိုက်မှုအခြေနေကိုတော့ မသိသေးဘူး လောလောဆယ် နေရာတွေသွားကြည့်နေတုန်းပဲ”ဟု ဒေါနစစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ တစ်ဦး ကပြောသည်။
အဆိုပါ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အခြေနေအသေးစိတ်ကို မဇ္ဈိမမှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ၏ ခမရ(၉၇)တပ်ရင်းက ကော့ကရိတ်မြို့နယ်အနီးရှိ ကျေးရွာများကို နေ့စဉ်နီးပါး လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်လျက်ရှိသည်။

စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly