တရုတ်မှ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ XBB ကို ပါကစ္စတန်တွင် တွေ့ရှိ 

By ANI
06 January 2023
တရုတ်မှ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ XBB ကို ပါကစ္စတန်တွင် တွေ့ရှိ 

တရုတ်နိုင်ငံတွင် အတွေ့ရများသော ကိုရိုနာဗိုင်းရပ်စ်တစ်မျိုးဖြစ်သည် အိုမီခရွန်မျိုးကွဲ XBB ကို ပါကစ္စတန်တွင် တွေ့ရှိထားကြောင်း အစ္စလာမာဘတ်ကျန်းမာရေးဌာန (NIH) နှင့် Aga Khan University (AKU) တို့က သတင်းထုတ်ပြန်ထားသည်။

အိုမီခရွန်မျိုးကွဲ XBB.1.5 မှ ဆင်းသက်လာသော XBB မျိုးကွဲသည် BA.2 အိုမီခရွန် မျိုးကွဲမှ ဆင်းသက်လာသော မျိုးကွဲနှစ်ခုပြန်လည်ပေါင်းစပ်ထားခြင်းဖြစ်သည်။ ၎င်းသည် BA.2 မျိုးကွဲဇာစ်မြစ်မှလာသည့် ကိုရိုနာဗိုင်းရပ် ၂ မျိုးမှ မျိုးဗီဇများပါဝင်သည်ဟု ဆိုလိုကြောင်း The Hill ကဖော်ပြသည်။
အမေရိကန်တွင် တွေ့ရှိရသည့် ကူးစက်မှုအသစ်၏ ၄၀ ဒသမ ၅ ရာခိုင်နှုန်းသည် XBB.1.5  အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲဖြစ်ကြောင်း ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန (CDC) ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ The Hill တွင် ဖော်ပြထားသည်။
BB.1.5 ဗိုင်းရပ်စ်မျိုးကွဲသည် ယခုသီတင်းပတ်မှစ၍ BQ.1 နှင့် BQ.1.1 မျိုးကွဲများအဖြစ်သို့ ထပ်မံကွဲထွက်သွားကာ အများဆုံးတွေ့ရသည့် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲဖြစ်ကြောင်း CDC ကဆိုသည်။
ပါကစ္စတန်နိုင်ငံ၌ ဇန်နဝါရီ ၂ ရက်က ကိုဗစ်ကြောင့် သေဆုံးမှု မရှိခဲ့ဘဲ နိုင်ငံတစ်ဝန်းတွင် ရောဂါပြင်းထန်သူ ၁၁ ဦးသာရှိခဲ့ကြောင်း ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးဌာနက သတင်းထုတ်ပြန်ထားသည်။ 
"ဗိုင်းရပ်မျိုးဗီဇ စစ်ဆေးမှုတွေကို အစ္စလာမာဘတ်မှာရှိတဲ့ ကျန်းမာရေးဌာနမှာ လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် ကူးစက်မှုနည်းသေးတာကြောင့် နမူနာအရေအတွက် နည်းနေပါတယ်။ နောက်ဆုံးစစ်ဆေးချက်တွေအရ အိုမီခရွန် XBB ကူးစက်မှုဟာ မြင့်တက်လာတာကို တွေ့ရပါတယ်" ဟု ကျန်းမာရေးဌာနမှတာဝန်ရှိသူက The News သတင်းဌာနသို့ ဇန်နဝါရီ ၂ ရက်က အတည်ပြုပြောကြားသည်။ 
သို့သော် ပါကစ္စတန်နိုင်ငံတွင်  ကူးစက်မှုနှုန်းမြင့်မားသော BF.7 ဗိုင်းရပ်စ်မျိုးကွဲကို  မတွေ့ရှိရသေးပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required