ရွာငံမြို့နယ်မှ ဦးစီးအရာရှိရှင်းလင်းခံရပြီး ၎င်း၏အလောင်း လာကောက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၆ ဦး သေဆုံး

By မေဘယ်လ်သူ
23 June 2022
ရွာငံမြို့နယ်မှ ဦးစီးအရာရှိရှင်းလင်းခံရပြီး ၎င်း၏အလောင်း လာကောက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၆ ဦး သေဆုံး

ဇွန် ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်မှ သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဦးစီး ဌာနမှဦးစီးအရာရှိတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရပြီး ၎င်း၏အလောင်းကိုလာကောက်သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များလည်း မိုင်းဆွဲတိုက်ခိုက်ခံရ၍ ခြောက်ဦး သေဆုံးသွားကြောင်းသိရသည်။

ရွာငံမြို့နယ် သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဦးစီးဌာမှ ဦးစီးမှူးမင်းခိုင်ဦးဆိုသူအား ဇွန်လ ၂၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီဝန်းကျင်တွင် မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ကြွယ်ကန်ကျေးရွာ အရှေ့ဘက်၌ သေနတ်ဖြင့်ပစ်ခတ်၍ သုတ်သင်ရှင်းလင်းခဲ့ကြောင်း Wundwin Township Revolution Force - (WTRF)မှ ထုတ်ပြန်ထားသည်။

အဆိုပါ ဦးစီးအရာရှိမင်းခိုင်ဦးသည် ပစ်ခတ်ခံရသည့်ဒဏ်ရာဖြင့် နေရာ၌သေဆုံးသွားခဲ့ကြောင်းသိရသည်။

“ဗိုလ်ကြီးရာထူးနဲ့ တပ်မှအသွင်ပြောင်းလာသူ ရွာငံမြို့နယ် သဘာဝပတ်ဝန်းကျင်နှင့်သားငှက်တိရစ္ဆာန် ထိမ်းသိန်းရေးဦးစီးဌာန ဦးစီးမှူး မင်းခိုင်ဦးသည် ရှမ်းပြည်နယ်အတွင်းနေထိုင်သည့် တော်လှန်ရေးအင် အားစုများနှင့် သစ်ခုတ်ပြည်သူများကို စကစနှင့်ပေါင်းပြီး ပျူစောထီးများဖွဲ့စည်း၍ သစ်တောအရာရှိများ အသွင်ယူကာ တောင်ပေါ်အနှံ့ဖြန့်ကျက်၍ အမျိုမျိုးထောက်လှမ်းရှာဖွေ၍ ဒုက္ခပေးသောကြောင့် သုတ် သင်ရှင်းလင်းခဲ့သည်” ဟု WTRF အဖွဲ့က ထုတ်ပြန်ထားသည်။

ထို့အပြင် ဦးစီးမှူးမင်းခိုင်ဦး၏ အလောင်းလာကောက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ခြောက်ဦးပါသည့် ကား တစ်စီးအား WTRF မှ ဇွန်လ ၂၂ ရက် ညနေ ၃ နာရီခန့်တွင် ဝမ်းတွင်းမြို့နယ် ရွဲသီးကျေးရွာ အနောက်ဖက်၌ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကားမှာ မီးလောင်ပျက်စီးသွားပြီး ကားပေါ်ပါ ခြောက်ဦးလုံး သေဆုံးသွားကြောင်း သိရသည်။

#Mizzima

#ရွာငံမြို့နယ်

#ဦးစီးအရာရှိ

#သုတ်သင်ရှင်းလင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly