LIVE: မြန်မာ ၁-၀ မွန်ဂိုလီးယား (Full-time)

19 November 2019
LIVE: မြန်မာ ၁-၀ မွန်ဂိုလီးယား (Full-time)
World Cup Qualifiers November 19, 17:00

Myanmar
1-0 
Hlaing Bo Bo 17' (FT)
Second Round · Group F
Mandalar Thiri Stadium
မြန်မာ့လက်ရွေးစင်အသင်းကို ကျပ်သိန်း ၅၀၀ ဂုဏ်ပြုချီးမြှင့်

နိုဝင်ဘာ ၁၉ ရက်က ကျင်းပခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် မန္တလာသီရိကွင်းမှာ မွန်ဂိုလီးယားအသင်းကို (၁-၀)ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ခြေစစ်ပွဲ ၂ ပွဲဆက် နိုင်ပွဲရခဲ့တဲ့ မြန်မာ့လက်ရွေးစင်အသင်းကို MNL အသင်းပိုင်ရှင်းများက ကျပ်သိန်း ၂၀၀ နဲ့ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ကျပ်သိန်း ၃၀၀ စုစုပေါင်း ကျပ်သိန်း ၅၀၀ ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာအသင်းရဲ့ကစားပုံက ပထမအကျော့ပွဲကထက် ပိုကောင်းလာတယ် -  မိုက်ကယ်ဝစ်

ဒီပွဲမှာ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ မြန်မာအသင်းရဲ့ကစားပုံက ပထမအကျော့ပွဲကထက် ပိုကောင်းလာပါတယ်။ ကျွန်တော်တို့အသင်းမှာ အမှားအချို့ရှိခဲ့ပြီး မြန်မာအသင်းမှာ တစ်ဦးချင်း ထူးချွန်တဲ့ ကစားသမားတွေရှိနေပါတယ်။ မောင်မောင်လွင်၊ အောင်သူ၊ ဇော်မင်းထွန်းတို့ရဲ့ တစ်ဉီးချင်း စွမ်းဆောင်ရည်က ကျွန်တော်တို့ အသင်းအတွက် ခက်ခဲစေခဲ့ပါတယ်။ မြန်မာအသင်းဟာ လာမယ့်ပွဲတွေမှာ ပိုကောင်းလာမယ့်အသင်းလို့ သုံးသပ်မိပါတယ်။ - မိုက်ကယ်ဝစ် (မွန်ဂိုလီးယားလက်ရွေးစင်အသင်း နည်းပြချုပ်)

ပစ်မှတ်ထားခဲ့တဲ့အတိုင်း ၂ပွဲမှာ (၆)မှတ်အပြည့်ရယူနိုင်ခဲ့တယ် - အန်တွမ်နီဟေး

ဒီနေ့ပွဲ ရလဒ်ကို ကျေနပ်ပါတယ်။ ပစ်မှတ်ထားခဲ့တဲ့အတိုင်း ၂ပွဲမှာ (၆)မှတ်အပြည့်ရယူနိုင်ခဲ့ပါတယ်။ နည်းပြအဖွဲ့ဝင်တွေ ကစားသမားတွေ အကောင်းဆုံးပူးပေါင်းဆောင်ရွက်နိုင်ခဲ့လို့ အခုလို အောင်မြင်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ဂိုးအများကြီးမသွင်းနိုင်ပေမယ့် ပရိသတ်အနေနဲ့ ကျေနပ်မယ်လို့ထင်ပါတယ်။ အဆုံးသတ်ပိုင်းမှာ အားနည်းခဲ့ပြီး ဒုတိယဂိုး သွင်းနိုင်ရင် ပိုကောင်းမှာ ဖြစ်ပေမယ့် မရခဲ့လို့ အနည်းငယ် ရုန်းကန်ခဲ့ရပါတယ်။ တစ်ခဲနက် အားပေးတဲ့ ပရိသတ်ကိုလည်း ကျေးဇူးတင်ပါတယ်။ - အန်တွမ်နီဟေး(မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်)

Myanmar 1 - 0 Mongolia (FT)

မြန်မာအသင်းနဲ့ မွန်ဂိုလီယာ အသင်းတို့ရဲ့ ပွဲစဉ်ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ မြန်မာအသင်းအနေနဲ့ ပထမအကျော့တုန်းက (၁-၀)နဲ့ ရှုံးနိမ့်မှုကို ပြန်လည် လက်စားချေနိုင်ခဲ့ပြီး နိုင််ပွဲတစ်ပွဲကို ရယူလိုက်နိုင်ခဲ့ပြီ ခင်ဗျာ။

ဒီတစ်ပတ်မှာလည်း ဥရောပ ဘောလုံးပြိုင်ပွဲတွေထဲက ပွဲကြီးပွဲကောင်းတွေကို Mizzima ကနေ တိုက်ရိုက် Live Commetary တင်ဆက်ပေးသွားဦးမှာဖြစ်လို့ Mizzima ရဲ့ Facebook ကို မလွတ်တမ်း စောင့်ကြည့်ကြပါဦးလို့ အသိပေးလိုက်ပါရစေနော်..။

Injury Times (+3)

မိနစ် (၉၀) ပြည့်သွားခဲ့လို့ နာကျင်အချိန်ပို ( ၃ ) မိနစ် သတ်မှတ်ပေးထားတယ်ခင်ဗျာ။ မြန်မာအသင်းခံစစ်မှာ အစွမ်းကုန်ကြိုးစားနေတဲ့ ဒေးဗစ်ထန်း ကို မြင်ရမှာဖြစ်ပြီး ပြိုင်ဖက်ကစားသမားတွေကြောင့် မကြာခဏ လဲကျနေခဲ့ပေမယ့် အားတင်းပြီး ကစားနေခဲ့တယ်ခင်ဗျာ။

Mizzima Weekly