Myanmar
Hlaing Bo Bo 17' (FT)
Second Round · Group F
Mongolia
You are viewing the old site.
Please update your bookmark to https://bur.mizzima.com.
နိုဝင်ဘာ ၁၉ ရက်က ကျင်းပခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် မန္တလာသီရိကွင်းမှာ မွန်ဂိုလီးယားအသင်းကို (၁-၀)ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ခြေစစ်ပွဲ ၂ ပွဲဆက် နိုင်ပွဲရခဲ့တဲ့ မြန်မာ့လက်ရွေးစင်အသင်းကို MNL အသင်းပိုင်ရှင်းများက ကျပ်သိန်း ၂၀၀ နဲ့ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ကျပ်သိန်း ၃၀၀ စုစုပေါင်း ကျပ်သိန်း ၅၀၀ ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
ဒီပွဲမှာ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ မြန်မာအသင်းရဲ့ကစားပုံက ပထမအကျော့ပွဲကထက် ပိုကောင်းလာပါတယ်။ ကျွန်တော်တို့အသင်းမှာ အမှားအချို့ရှိခဲ့ပြီး မြန်မာအသင်းမှာ တစ်ဦးချင်း ထူးချွန်တဲ့ ကစားသမားတွေရှိနေပါတယ်။ မောင်မောင်လွင်၊ အောင်သူ၊ ဇော်မင်းထွန်းတို့ရဲ့ တစ်ဉီးချင်း စွမ်းဆောင်ရည်က ကျွန်တော်တို့ အသင်းအတွက် ခက်ခဲစေခဲ့ပါတယ်။ မြန်မာအသင်းဟာ လာမယ့်ပွဲတွေမှာ ပိုကောင်းလာမယ့်အသင်းလို့ သုံးသပ်မိပါတယ်။ - မိုက်ကယ်ဝစ် (မွန်ဂိုလီးယားလက်ရွေးစင်အသင်း နည်းပြချုပ်)
ဒီနေ့ပွဲ ရလဒ်ကို ကျေနပ်ပါတယ်။ ပစ်မှတ်ထားခဲ့တဲ့အတိုင်း ၂ပွဲမှာ (၆)မှတ်အပြည့်ရယူနိုင်ခဲ့ပါတယ်။ နည်းပြအဖွဲ့ဝင်တွေ ကစားသမားတွေ အကောင်းဆုံးပူးပေါင်းဆောင်ရွက်နိုင်ခဲ့လို့ အခုလို အောင်မြင်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ဂိုးအများကြီးမသွင်းနိုင်ပေမယ့် ပရိသတ်အနေနဲ့ ကျေနပ်မယ်လို့ထင်ပါတယ်။ အဆုံးသတ်ပိုင်းမှာ အားနည်းခဲ့ပြီး ဒုတိယဂိုး သွင်းနိုင်ရင် ပိုကောင်းမှာ ဖြစ်ပေမယ့် မရခဲ့လို့ အနည်းငယ် ရုန်းကန်ခဲ့ရပါတယ်။ တစ်ခဲနက် အားပေးတဲ့ ပရိသတ်ကိုလည်း ကျေးဇူးတင်ပါတယ်။ - အန်တွမ်နီဟေး(မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်)
မြန်မာအသင်းနဲ့ မွန်ဂိုလီယာ အသင်းတို့ရဲ့ ပွဲစဉ်ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ မြန်မာအသင်းအနေနဲ့ ပထမအကျော့တုန်းက (၁-၀)နဲ့ ရှုံးနိမ့်မှုကို ပြန်လည် လက်စားချေနိုင်ခဲ့ပြီး နိုင််ပွဲတစ်ပွဲကို ရယူလိုက်နိုင်ခဲ့ပြီ ခင်ဗျာ။
ဒီတစ်ပတ်မှာလည်း ဥရောပ ဘောလုံးပြိုင်ပွဲတွေထဲက ပွဲကြီးပွဲကောင်းတွေကို Mizzima ကနေ တိုက်ရိုက် Live Commetary တင်ဆက်ပေးသွားဦးမှာဖြစ်လို့ Mizzima ရဲ့ Facebook ကို မလွတ်တမ်း စောင့်ကြည့်ကြပါဦးလို့ အသိပေးလိုက်ပါရစေနော်..။
www.mizzima.com
www.mizzimaburmese.com
www.mizzimaweekly.com
[email protected]
[email protected]
+95 1 295398
+95 9421010111