LIVE: မြန်မာ ၁-၀ မွန်ဂိုလီးယား (Full-time)

19 November 2019
LIVE: မြန်မာ ၁-၀ မွန်ဂိုလီးယား (Full-time)
World Cup Qualifiers November 19, 17:00

Myanmar
1-0 
Hlaing Bo Bo 17' (FT)
Second Round · Group F
Mandalar Thiri Stadium
Injury Times (+3)

မိနစ် (၉၀) ပြည့်သွားခဲ့လို့ နာကျင်အချိန်ပို ( ၃ ) မိနစ် သတ်မှတ်ပေးထားတယ်ခင်ဗျာ။ မြန်မာအသင်းခံစစ်မှာ အစွမ်းကုန်ကြိုးစားနေတဲ့ ဒေးဗစ်ထန်း ကို မြင်ရမှာဖြစ်ပြီး ပြိုင်ဖက်ကစားသမားတွေကြောင့် မကြာခဏ လဲကျနေခဲ့ပေမယ့် အားတင်းပြီး ကစားနေခဲ့တယ်ခင်ဗျာ။

90 Min

မြန်မာအသင်း တိုက်စစ်မှူး အောင်သူ တစ်ယောက် ဒဏ်ရာရသွားခဲ့လို့ ထမ်းစင်နဲ့ ထုတ်သွားရပြီခင်ဗျာ။

89 Min

မြန်မာအသင်းကတော့ သွင်းဂိုး တစ်ဂိုးနဲ့တင် ကျေနပ်ရတော့မယ့် ပုံပဲ ခင်ဗျာ။ လက်ရှိအခြေအနေအရတော့ ပြိုင်ဖက်အသင်းကို ဂိုးသွင်းဖို့ထက် ချေပဂိုးမပေးရဖို့ကိုပဲ အာရုံစိုက်နေရပြီဖြစ်ပြီး လက်ကျန်မိနစ် အနည်းငယ်ကို အာရုံစူးစိုက်မှု အပြည့်နဲ့ ကစားဖို့ လိုနေပါပြီ။

87 Min

ပွဲပြီးဆုံးဖို့ တဖြည်းဖြည်း နီးကပ်လာခဲ့ပြီခင်ဗျာ။ ကွင်းလယ်ဒိုင်ကတော့ ကွင်းဘေးကနေ ဆူပူအော်ဟစ်နေတဲ့ မွန်ဂိုလီယာ နည်းပြကို အဝါကတ်ပြပြီး သတိပေးလိုက်ပါပြီ။

86 Min

မြန်မာအသင်း တိုက်စစ်မှူး မောင်မောင်လွင် က မွန်ဂိုလီယာအသင်း နောက်ခံလူ (၄)ယောက်လောက်ကို ကျော်ဖြတ်ဖို့ ကြိုးစားနေခဲ့တာ ခင်ဗျာ။ ဒါပေမယ့်လည်း တစ်ကိုယ်တော် ထိုးဖောက်မှုက ခံစစ်ကစားသမားတွေရဲ့ တားဆီးခြင်းကို ခံလိုက်ရပါတယ်။