ဘောလ်တစ်နိုင်ငံများမှ လွှတ်တော်အမတ် ၁၀ ဦး ထိုင်ဝမ်ခေါင်းဆောင် များနှင့် သွားရောက်တွေ့ဆုံမည်

ဘောလ်တစ်နိုင်ငံများမှ လွှတ်တော်အမတ် ၁၀ ဦး ထိုင်ဝမ်ခေါင်းဆောင် များနှင့် သွားရောက်တွေ့ဆုံမည်

လစ်သူယေးနီးယား၊ အက်စ်တိုးနီးယားနှင့် လတ်ဗီးယားတို့မှ ပါလီမန်အမတ် ၁၀ ဦးခန့်သည် ဒီဇင်ဘာလ အစောပိုင်းတွင် အစိုးရဦးဆောင်သော ဖိုရမ်တစ်ခုအတွက် ထိုင်ဝမ်သို့ သွားရောက်မည်ဖြစ်ပြီး ထိုင်ဝမ်၏ ထိပ်တန်းအစိုးရအရာရှိများနှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၄ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထိုင်ဝမ်သည် ဥရောပသမဂ္ဂနှင့် ဖလှယ်မှုများ တိုးမြှင့်ကာ ယင်းအဖွဲ့ဝင်နိုင်ငံများ အထူးသဖြင့် လစ်သူယေး နီးယားနှင့် ဆက်ဆံရေးကောင်းမွန်လာချိန်တွင် ယခုခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

လစ်သူယေးနီးယားနိုင်ငံ၏ မြို့တော် ဗီးနပ်စ်မြို့တွင် ပြီးခဲ့သည့် သီတင်းပတ်က ထိုင်ဝမ်ကိုယ်စားလှယ်ရုံးကို ဖွင့်လှစ်ခဲ့ပြီး သြဂုတ်လတွင် နှစ်နိုင်ငံအကြား အပြန်အလှန် သဘောတူညီမှုတစ်ခုအဖြစ် လစ်သူယေး နီးယားနိုင်ငံဆိုင်ရာ ရုံးကို တိုင်ပေတွင် ၂၀၂၂ခုနှစ် အစောပိုင်းတွင် ဖွင့်လှစ်မည်ဖြစ်သည်။

ဘောလ်တစ်ကိုယ်စားလှယ်အဖွဲ့အား လစ်သူယေးနီးယားပါလီမန်အမတ် မယ်ဒီကစ်မှ ဦးဆောင်မည်ဖြစ်ပြီး ယင်းက "တရုတ်ကွန်မြူနစ်ပါတီ၏ သူလျှိုလုပ်မှု၊ ဥရောပနိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်မှုနှင့် အတင်းအကျပ် အပြုအမူများ" ဟု မကြာသေးခင် Atlantic မဂ္ဂဇင်းတွင် ဖော်ပြခဲ့ပြီး တရုတ်ကို ပြတ်ပြတ်သားသား ဝေဖန်သူဖြစ်သည်။ .

ထိုင်ဝမ်ကိုယ်စားလှယ်ရုံးဖွင့်လှစ်ပြီးနောက် တရုတ်သည် လစ်သူယေးနီးယားအား သံတမန်ဆက်ဆံရေး အဆင့်ကို သံရုံးတာဝန်ခံသာ ထားရှိသည့်အဆင့်သို့လျှော့ချခြင်းဖြင့် ဒဏ်ခတ်အရေးယူခဲ့သည်။

မယ်ဒီကစ်သည် ထိုင်ဝမ်ကို ထောက်ခံသည့် လစ်ဗီးယားပါလီဥက္ကဌ ဗူကန်နှင့် အက်စတိုးနီးယား လွှတ်တော် အမတ်နှင့် အက်စ်တိုးနီးယား-ထိုင်ဝမ်ပါလီမန်အဖွဲ့ဥက္ကဌ ဂျွန်ဆွန်နှင့် အခြားဘောလ်တစ်ပါလီမန်အမတ် ၈ ဦးတို့လည်း အဆိုပါခရီးစဉ်တွင် ပါဝင်မည်ဖြစ်သည်။

တရုတ်၏ ကျူးကျော်မှုများကို တန်ပြန်ရန် ထိုင်ဝမ်က ကြိုးပမ်းသည့်အနေဖြင့် လစ်သူယေးနီးယား၊ လတ်ဗီး ယားနှင့် အက်စ်တိုးနီးယားတို့မှ ဥပဒေပြုအမတ်များ၏ ထောက်ခံမှုမှာ အရှိန်ရလာခဲ့ပြီး ယင်းကဲ့သို့ ထောက်ခံခြင်းမှာ ယခင်ဆိုဗီယက်ယူနီယံထံမှ လွတ်လပ်ရေးရရှိရန် ယင်းတို့ကိုယ်တိုင် သမိုင်းဝင် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းကြောင့် ဖြစ်သည်။

“တရုတ်ပြည်ရှိ လူ့အခွင့်အရေးအခြေအနေများနှင့် ရှီကျင့်ဖျင်လက်အောက်တွင် ပိုမိုဖိနှိပ်မှုများသည် ကျွန်တော်တို့၏ ဆိုဗီယက်အုပ်စိုးမှုအောက်တွင် အလားတူညှဉ်းပန်းနှိပ်စက်ခံခဲ့ရမှုများကို သတိရနေဆဲဖြစ်ပြီး ယင်းကို ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွင်းရှိ အများအပြားက အလွန်အဆိုးမြင်ကြသည်” ဟု မယ်ဒီကစ်က Atlantic မဂ္ဂဇင်းတွင် အတိအလင်း ထုတ်ဖော်ပြောကြားခဲ့သည်။

“လစ်သူယေးနီးယားက ကွန်မြူနစ်တွေကို ဒူးမထောက်ပါဘူး” ဟု လည်း ၎င်းက တွစ်တာတွင် ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly