တရုတ်လေယာဉ်များ ဝင်ရောက်လာသောကြောင့် လေကြောင်းရန် ကာကွယ်ရေးကို ထိုင်ဝမ် စတင် လုပ်ဆောင် 

တရုတ်လေယာဉ်များ ဝင်ရောက်လာသောကြောင့် လေကြောင်းရန် ကာကွယ်ရေးကို ထိုင်ဝမ် စတင် လုပ်ဆောင် 

တရုတ်၏ မကြာသေးမီက လေကြောင်းရန် ကျုးကျော်မှု အဖြစ် စစ်လေယာဉ် ၃၇ စင်းသည် အနောက်ပစိဖိတ်ဒေသသို့ ပျံသန်းသွားကြောင်း သတင်းရရှိပြီးနောက် ထိုင်ဝမ်သည် ၎င်း၏ လေကြောင်းကာကွယ်ရေးစနစ်များကို ဇွန် ၈ ရက် တွင် စတင် လုပ်ဆောင်လိုက်သည်။

ထိုင်ဝမ်ကို ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသော ၎င်း၏ ပိုင်နက်နယ်မြေအဖြစ် ရှုမြင်နေသည့် တရုတ်နိုင်ငံသည် လွန်ခဲ့သည့်  ၃ နှစ်အတွင်း ၎င်း၏ လေတပ်အား ထိုင်ဝမ် လေပိုင်နက်အတွင်းသို့ မဟုတ်သော်လည်း ကျွန်းအနီးတွင် ပုံမှန်ပျံသန်းနေခဲ့သည်။

J-11 နှင့် J-16 တိုက်လေယာဉ်များ၊ နျူကလီးယားလက်နက်သယ်ဆောင်နိုင်သော H-6 ဗုံးကြဲလေယာဉ်များ အပါအဝင် တရုတ်လေတပ်မှ လေယာဉ် ၃၇ စင်းကို ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေး သတ်မှတ်ဇုန် (ADIZ) အတွင်းတွင် နံနက် ၅ နာရီမှ စတင်တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောကြားသည်။ 

ADIZ သည် ကျယ်ပြန့်သော ဧရိယာတစ်ခုဖြစ်ပြီး ထိုင်ဝမ်သည် ခြိမ်းခြောက်မှုများကို တုံ့ပြန်ရာတွင် ၎င်း၏ တပ်ဖွဲ့များ အနေဖြင့် အချိန်ပိုမိုရရှိနိုင်ရန် စောင့်ကြည့် ကင်းလှည့်မှုများ လုပ်ဆောင်လျက်ရှိသည်။

တရုတ်လေယာဉ်အချို့သည် ထိုင်ဝမ်၏အရှေ့တောင်ဘက်သို့ ပျံသန်းခဲ့ပြီး၊ ထိုမှ တစ်ဆင့် "လေကြောင်းစောင့်ကြည့်ခြင်းနှင့် ခရီးဝေးသွားလာရေးလေ့ကျင့်မှု" လုပ်ဆောင်ရန် အနောက်ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ဖြတ်သွားခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထိုင်ဝမ်သည် ၎င်း၏ လေယာဉ်နှင့် သင်္ဘောများကို တရုတ်စစ်လေယာဉ်များအား စောင့်ကြည့်ရန်နှင့် မြေပြင်အခြေစိုက် ဒုံးကျည်စနစ်များထားရှိရန် စေလွှတ်ခဲ့ကြောင်း၊ ယင်းကဲ့သို့ တရုတ်လှုပ်ရှားမှုကို တုံ့ပြန်ရန် စံ သတ်မှတ်ချက်များနှင့် အညီ လုပ်ဆောင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုချက်ကို တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ချက်ချင်းတုံ့ပြန်ခြင်းမရှိပေ။

တရုတ်စစ်လေယာဉ်များသည် ဂျပန်ပင်လယ်နှင့် အရှေ့တရုတ်ပင်လယ်တို့ကို လွန်ခဲ့သည့်နေ့တွင် ပျံသန်းခဲ့ပြီးနောက် အနောက်ပစိဖိတ်ဒေသတွင် ရုရှားနှင့် ပူးတွဲလေကြောင်း ကင်းလှည့်မှု ဒုတိယအဆင့်ကို ဇွန်လ ၇ ရက်တွင် အပြီးသတ်ခဲ့သည်။ ထိုလုပ်ဆောင်ချက်ကြောင့် ဂျပန်နိုင်ငံသည် ၎င်း၏ နိုင်ငံတော်လုံခြုံရေးအတွက် ရုတ်တရက် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာသည်။ 

အမေရိကန်နှင့် ထိုင်ဝမ်ကြား တရားဝင်မဟုတ်သော ဆက်ဆံရေးကို စီမံခန့်ခွဲနေသည့် ထိုင်ဝမ်ရှိ အမေရိကန်အင်စတီကျု၏ ဥက္ကဌ လောရာ ရိုဆန်ဘာဂျာ သည်ယခုသီတင်းပတ်အတွင်း ထိုင်ဝမ်သို့ လာရောက်လည်ပတ်နေသည်။

အမေရိကန်ပြည်ထောင်စုသည် ထိုင်ဝမ်ရေလက်ကြားတည်ငြိမ်ရေးကို ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းရန် စိတ်ဝင်တစား လုပ်ဆောင်နေကြောင်းနှင့် တရုတ်-အမေရိကန် ဆက်ဆံရေးတွင် အဆက်မပြတ် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေသည့် အဆိုပါကျွန်းတွင် အမေရိကန်က လက်နက်တပ်ဆင်မှုများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သူမက ဇွန်လ ၅ ရက် တွင် ထိုင်ဝမ်မီဒီယာများသို့ ပြောကြားခဲ့သည်။

ထိုင်ဝမ်သမ္မတ စိုင်အင်ဝမ် ၏ အမေရိကန်ခရီးစဉ်အပြီး ဧပြီလတွင် တရုတ်နိုင်ငံသည် ထိုင်ဝမ်ကျွန်း တစ်ဝိုက်တွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

ထိုင်ဝမ်အစိုးရသည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ငြင်းဆိုထားပြီး ထိုင်ဝမ်ပြည်သူများကသာ ၎င်းတို့၏ အနာဂတ်ကို ဆုံးဖြတ်နိုင်သည်ဟု ဆိုသည်။

Taiwan activates air defence as China aircraft enter zone
https://www.channelnewsasia.com/asia/taiwan-activates-air-defence-china-...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required