‘အကွက်ချ ဖိနှိပ်မှု’ အောက်တွင် မြန်မာ့ ဒီမိုကရေစီမျှော်လင့်ချက်တို့ နင်းခြေခံနေရဟု ကုလအတွင်းရေးမှူးချုပ် ပြော

‘အကွက်ချ ဖိနှိပ်မှု’ အောက်တွင် မြန်မာ့ ဒီမိုကရေစီမျှော်လင့်ချက်တို့ နင်းခြေခံနေရဟု ကုလအတွင်းရေးမှူးချုပ် ပြော
UN chief calls for release of political prisoners in Myanmar/AFP.

စစ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ပြန်သွားရေး မျှော်လင့်ချက်များသည် “အကွက်ချ ကြံစည် ဖိနှိပ်မှု’ ၏ နင်းခြေခြင်းကို ခံနေရသည်ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က စက်တင်ဘာ ၇ ရက်တွင် ပြောကြားသည်။

ကုလ အကြီးအကဲသည် အမေရိကန်၊ တရုတ်နှင့် ဒေသတွင်း ခေါင်းဆောင်များနှင့် တွေ့ဆုံသည့် အင်ဒိုနီးရှားတွင် ကျင်းပသည့် ထိပ်သီးအစည်းအဝေးတရပ်တွင် ထိုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။
မြန်မာတွင် ၂၀၂၁ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရကို စစ်တပ်က ဖြုတ်ချ အာဏာသိမ်းကာ အတိုက်အခံ ဆန့်ကျင်သူများအပေါ် သွေးထွက်သံယို ဖြိုခွင်းနှိမ်နင်းမှုများ လုပ်ဆောင်ပြီးကတည်းက နိုင်ငံသည် လူသေဆုံးသော အကြမ်းဖက်မှုများဒဏ် ခံထားရသည်။

“လူမဆန်တဲ့ အကြမ်းဖက်မှုတွေ၊ ပိုမိုဆိုးဝါးလာတဲ့ ဆင်းရဲမွဲတေမှုနဲ့ အကွက်ချ ဖိနှိပ်မှုတွေက ဒီမိုကရေစီဆီ ပြန်သွားရေး မျှော်လင့်ချက်တွေကို နင်းခြေနေတယ်” ဟု ဂူတာရက်စ်က အာဆီယံအုပ်စုနှင့် တွေ့ဆုံသည့် အစည်းအဝေးတရပ်မတိုင်မီ ပြောသည်။

“အခြေအနေက ခုခံကာကွယ်ဖို့ မစွမ်းသာအောင် ဖြစ်နေတယ်”ပြီးခဲ့သည့် နှစ်နှစ်အကြာက သဘောတူခဲ့သည့် ဘုံသဘောတူညီချက် ငါးရပ် အစီအစဉ်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်မှုနှင့်အတူ မြန်မာစစ်အုပ်စုသည် အာဆီယံ ထိပ်သီးအစည်းအဝေးများ၌ တက်ရောက်ခွင့် ပိတ်ပင်ခံထားရသည်။

မြန်မာ့အကျပ်အတည်းသည် ပြီးခဲ့သည့် နှစ်က “ပို၍ ဆိုးဝါးလာ” ခဲ့ကြောင်း ဂူတာရက်စ်က ပြောပြီး ကမ္ဘာကြီးသည် “ဧရာမ ကံဆိုးမိုးမှောင်ကျမှု” တရပ်နှင့် ကြုံတွေ့နေရသည်ဟုလည်း အစောပိုင်း မိန့်ခွန်းတရပ်တွင် ပြောခဲ့သေးသည်။

UN chief says 'systematic repression' crushing Myanmar's democracy hopes
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly