ပဲခူးမြို့ရှိ အဆောင်တချို့ကို နေ့ခင်းအချိန် ဧည့်စာရင်းဝင်စစ်

ပဲခူးမြို့ရှိ အဆောင်တချို့ကို နေ့ခင်းအချိန် ဧည့်စာရင်းဝင်စစ်
ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။

စက်တင်ဘာ ၁၂

ပဲခူးမြို့တွင် ယနေ့နေ့ခင်း ၃နာရီအချိန်၌ မြို့ပေါ် လူနေအဆောင်တချို့ကို ရှောင်တခင်ဧည့်စာရင်းဝင်စစ်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများမှ ပြောသည်။

ဧည့်စာရင်းစစ်ရာတွင် အင်အား၁၀၀ကျော်ဖြင့် စစ်ကောင်စီလက်အောက်ခံ အဖွဲ့ပေါင်းစုံပါဝင်ကာ အဆောင်အတွင်းရှိ ပစ္စည်းများကိုပါ မွှေနှောက်ရှာဖွေခဲ့ကြောင်းသိရသည်။

“နေ့ခင်းကြီး ဗြုန်းဒိုင်းဆိုပြီး ဝင်လာတာ အင်အားများတယ်။ အခန်းတွေထဲထိစစ်တာ ဗီဒိုတွေ အိတ်တွေ စာရွက်စာတန်းတွေ မီးဖိုချောင်က အစ စစ်တာဗျ။ ပြောရရင် အိမ်တင်စစ်တာမဟုတ်ဘူး။ ခြံကိုပါ နေရာစုံလိုက်ရှာစစ်တာ တခုခုသတင်းကြားလို့လားတော့ မပြောတတ်ဘူးဗျ”ဟု အဆောင်လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးကပြောသည်။

ကမာနတ်ရပ်ကွက်နှင့် ကျိုက်ပွန်ဘုရားလမ်းရှိ အဆောင်များကို စစ်ဆေးခဲ့ပြီး ငါးမျှားချိတ်စက်ရုံတစ်ရုံကိုပါ ဝင်ရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက NUG၊ CRPHနှင့် PDFတို့က အိမ်ဌားနေထိုင်ပြီး အိမ်ပိုင်ရှင်မှဧည့်စာရင်းမတိုင်ထားသည်ကို စစ်ဆေးပေါ်ပေါက်ပါက နေအိမ်တိုက်ခန်းများကို သိမ်းယူမည်ဟုစစ်ကောင်စီမှ ထုတ်ပြန်ထားပြီးနောက် အခုကဲ့သို့ စစ်ဆေးမှုများဖြစ်လာကြောင်း မြို့ခံများမှ ပြောဆိုနေကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required