ရှမ်းမြောက် ပန်ဆိုင်းမှာတိုက်ပွဲဖြစ် စစ်ကောင်စီဘက် ဒုတပ်ရင်းမှူးအပါဝင် ၅ ဦးသေဆုံး

ရှမ်းမြောက် ပန်ဆိုင်းမှာတိုက်ပွဲဖြစ် စစ်ကောင်စီဘက် ဒုတပ်ရင်းမှူးအပါဝင် ၅ ဦးသေဆုံး

ဩဂုတ် ၅

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ပန်ဆိုင်းမြို့မှာ ကိုးကန့်တပ်မတော် (MNDAA)နဲ့ စစ်ကောင်စီတပ်တို့ သြဂုတ် ၃ ရက်က တိုက်ပွဲဖြစ်ပွားခဲ့တဲ့အကြောင်း ကိုးကန့်သတင်းဌာနကဖော်ပြထားပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဖက်က ဒုတပ်ရင်းမှူး၊ ဒုတပ်ခွဲမှူးအပါအဝင် ငါးယောက် သေဆုံးခဲ့တဲ့အကြောင်း ဒေသခံတွေရဲ့ ပြောဆိုချက်ကို ကိုးကားဖော်ပြထားတာဖြစ်ပါတယ်။

တိုက်ပွဲကြောင့် အနီးနားမှာရှိတဲ့ နေအိမ်တွေထိခိုက်ပျက်ဆီးခဲ့ရတာတွေရှိပါတယ်။ အခြေအနေ‌တွေကို သိရဖို့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required