လှိုင်သာယာမြို့နယ်  အ.ထ.က (၁၀) ကျောင်းအတွင်း ဗုံးပေါက်ကွဲ

လှိုင်သာယာမြို့နယ်  အ.ထ.က (၁၀) ကျောင်းအတွင်း ဗုံးပေါက်ကွဲ
ဓာတ်ပုံ - CJ

ဇွန် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၁)ရပ်ကွက် အ.ထ.က (၁၀) စာသင်ကျောင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်းသိရသည်။

ယမန်နေ့ဇွန်လ ၂၄ရက် ည ၈ နာရီအချိန်တွင် အ.ထ.က (၁၀) စာသင်ကျောင်းဝန်းအတွင်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဖြစ်စဉ်အနီးက ဒေသခံတစ်ဦးကပြောသည်။

"အဲ့ဒီစာသင်ကျောင်းက ကျွန်တော်တို့နဲ့အနီးလေးပဲ၊ ညဘက်အသံအကျယ်ကြီးကြားလိုက်ရတယ်၊ အုန်းခနဲပဲ၊ အိမ်တောင်တုန်သွားတာပဲ" လို့ အမည်မဖော်လိုတဲ့ဒေသခံတစ်ဦးကပြောသည်။ 

အဆိုပါပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ကျောင်းအဝင်ဝအနီးရှိ ခေါင်မိုးတစ်ခုပွင့်ထွက်သွားကြောင်းသိရသည်။ လူထိခိုက်သေဆုံးမှုမရှိခဲ့ပေ။ 

ယင်းပေါက်ကွဲမှုမဖြစ်ခင် နံနက်ပိုင်းတွင်လည်း ၎င်းကျောင်းတွင် ဗုံးလန့်မှုဖြစ်ပွားခဲ့ကြောင်းသိရပြီး စစ်ကောင်စီတပ်ဖွဲ့မှလာရောက်ရှင်းလင်းသွားခဲ့ကြောင်းသိရှိရပါသည်။

 ဗုံးပေါက်ကွဲမှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ယာယီလမ်းပိတ်၍ ရှာဖွေရှင်းလင်းမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly