ကရင်ပြည်နယ်  ဖာပွန်ဒေသ အတွင်းရှိ ဒါးခွင် ( ခေါ် ) ဒေါင်း ခွင် နယ်မြေများကို ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်များက လေကြောင်းဖြင့် ထပ်မံ တိုက်ခိုက်

ကရင်ပြည်နယ်  ဖာပွန်ဒေသ အတွင်းရှိ ဒါးခွင် ( ခေါ် ) ဒေါင်း ခွင် နယ်မြေများကို ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်များက လေကြောင်းဖြင့် ထပ်မံ တိုက်ခိုက်
 ပုံစာ  - ထိုင်းနိုင်ငံဘက် ထာ့ထဖန်းရွာမှ တွေ့မြင်ရတဲ့ ဒါ့ဂွင်ဒေသပုံ (ဓာတ်ပုံ - Kawthoolei Today )

ကရင် အမျိုးသားအစည်းအရုံး ( ကေအန်ယူ) တပ်ဖြစ်တဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး ( ကေ အန် အယ်လ်အေ ) တပ်ဖွဲ့များ လှုပ်ရှားရာ ကရင်ပြည်နယ်  ဖာပွန်ဒေသ အတွင်းရှိ ဒါးခွင် ( ခေါ် ) ဒေါင်း ခွင် နယ်မြေများကို ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်များက လေကြောင်းဖြင့် ထပ်မံ တိုက်ခိုက်မှုပြုလုပ် ခဲ့သည်ဟု ကေအန်ယူ တပ်မဟာ ( ၅ )  ပြောရေး ဆိုခွင့်ရှိသူ ဗဒို မန်းမန်းက မဇ္ဈိမကို အတည် ပြု ပြောဆိုသည်။ 

ထိုင်းနိုင်ငံ Baan Tha Ta Fang ကျေးရွာ တဖက် ကမ်းရှိ ဒါးခွင် နယ်မြေကို ယနေ့ နံနက် ၁၀ နာရီမှ စ တင်၍ မွန်းလွဲ ၄ နာရီ အချိန်အထိ လေကြောင်းဖြင့် သုံးကြိမ် လာရောက် ပစ်ခတ်ခဲ့ပြီး အခြေအနေ များ ကို လတ်တလော မသိရသေးကြောင်း ဗဒို မန်းမန်းက ပြောသည် ။

“ မနေ့က စခန်းသိမ်းခဲ့တဲ့ သော်လဲထာ နေရာနဲ့ ၁၀ မိုင်လောက် အကွာမှာ ကျနော်တို့ ဒါးခွင် စခန်းရှိ တာပေါ့ဗျာ အဲဒီမှာတော့ စစ်ကောင်စီဘက်က လေယာဉ်နဲ့ သုံးကြိမ်လောက် ပစ်ခတ်သွားပြီး ၁၀ နာရီ ကနေ စပြီးတော့ပေါ့လေ ဒီအချိန်အထိ ဗုံးလာကြဲတာ သုံးကြိမ်းလောက် ရှိသွားပြီး”ဟု ၎င်းက ပြော သည်။ 

ဗဒိုမန်းမန်းက ဆက်ပြီးတော့ “ ကျနော်တို့ ကြားတာကတော့ ဟိုဘက်မှာလည်းပဲ လေယာဉ် တွေ ဝဲနေ တယ် ဆိုတော့ ပစ်နိုင်တယ်၊ မနေ့က လည်းပစ်ခဲ့တယ်၊ ကျနော်တို့ ရွာ ကောညွန့် ကောထ့ လို့ခေါ်တဲ့ ရွာတွေမှာလဲပဲ သူတို့ပစ်သေးတယ် အဲဒီရွာအနီးအနားမှာပေါ့နော် ဗုံကြီး လေးလုံးလောက် ပစ်ချခဲ့တယ် ဒီနေ့လည်း ဝဲနေသေးတယ်ဆိုတော့ ပစ်နိုင်ပါသေးတယ်”ဟု ဆိုသည်။ 

လေကြောင်း တိုက်ခိုက်မှုကြောင့် ဒါးခွင် အနီးအနားရှိ ကျေးရွာဒေသခံ ၁၀၀၀၀ ခန့် သံလွင်မြစ် ကမ်း နား တလျှောက် တိမ်းရှောင်နေကြရပြီး တချို့ထိုင်းနိုင်ငံ ဘက်ခြမ်းကို တိမ်းရှောင်သွားကြသည်။ 

ထိုင်းသတင်းများအရ ထိုင်းနိုင်ငံဘက်ခြမ်း Baan Tha Ta Fang ကျေးရွာသို့ ကရင်တိုင်းရင်းသား စစ် ပြေး ဒုက္ခသည် လူဦးရေ ၅၀ ခန့် ရောက်ရှိနေကြောင်း သိရှိရသည်။ 

ယမန်နေ့က ကေအန်အယ်လ်အေတပ်များက စစ်ကောင်စီ၏ ထိုင်း- မြန်မာနယ်စပ်တွင် ခြေမြန် တပ် ရင်း ( ခမရ ) ၃၄၁ တပ်များ အမာခံ တပ်စွဲထားသော စခန်းတခုကို ဝင်ရောက် သိမ်းပိုက်ခဲ့သေးသည်။  

ယခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ ဧပြီလ ၂၇ ရက်နေ့အထိ ကေအန်ယူ တပ်မဟာခုနှစ်ခုသည် စစ် ကောင်စီတပ်ဖွဲ့နှင့် ရင်ဆိုင် တိုက်ပွဲပေါင်း အကြိမ် ၂၀၀ ခန့် ဖြစ်ပွားခဲ့ပြီး အမာခံ တပ်စခန်း နှစ်ခု အပါဝင် စစ်သုံးပန်းများကို ဖမ်းဆီးနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required