ကမ္ဘာ့ပထမဆုံးအဖြစ် ဓာတ်ခွဲခန်းမွေး ကြက်သား စင်ကာပူ၌ တည်ခင်းရောင်းချ

ကမ္ဘာ့ပထမဆုံးအဖြစ် ဓာတ်ခွဲခန်းမွေး ကြက်သား စင်ကာပူ၌ တည်ခင်းရောင်းချ
Photo - AFP

ဒီဇင်ဘာ ၂၃ ၊ ၂၀၂၀

စင်ကာပူနိုင်ငံမှာ သမိုင်းတွင် ပထမဆုံးအဖြစ် စားသောက်ဆိုင်တစ်ဆိုင်ဟာ ဓာတ်ခွဲခန်းမှာ မွေးမြူတဲ့ ကြက်သားကို တည်ခင်းရောင်းချပါတယ်။ 

ဓာတ်ခွဲခန်းမွေး ကြက်သားကို ထုတ်လုပ်သူတွေကတော့ သားသတ်ရုံတွေကနေ အသား ထုတ်လုပ်မှုအပါအဝင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျှော့ချစေနိုင်မယ်လို့ ဆိုကြပါတယ်။ 

အမေရိကန်နိုင်ငံက စွန့်ဦးတီထွင်လုပ်ငန်းဖြစ်တဲ့ East Just ဟာ ၎င်း ဖန်တီးထုတ်လုပ်တဲ့ ဓာတ်ခွဲခန်းမွေး ကြက်သားတွေကို မြို့ပြနိုင်ငံ စင်ကာပူက ရောင်းချခွင့်အတည်ပြုလိုက်တာကြောင့် စငင်ကာပူဟာ တိရစ္ဆာန်တွေကို သတ်ဖြတ်ရခြင်းမရှိတဲ့ ဖန်တီးထားတဲ့ အသားတွေကို ပထမဆုံးရောင်းချခွင့်ပြုတဲ့နိုင်ငံ ဖြစ်လာခဲ့ပြီလို့ အခုလ အစောပိုင်းမှာ ပြောထားတာပါ။ 

တိရစ္ဆာ အစားအစာ စားသုံးမှုတွေဟာ ကျွဲနွားတိရစ္ဆာန်တွေက ဖန်လုံအိမ်အာနိသင် မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်တာကြောင့် သဘာဝပတ်ဝန်းကျင်အတွက် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ရှိနေပြီး ရာသီဥတုပြောင်းလဲမှုအရေးမှာ ဖိစီးမှုတွေ ဖြစ်စေတဲ့ သဘာဝအတားအဆီးအဖြစ်လည်း ရှိနေတာပါ။ 

စင်ကာပူ ရောဘတ်ဆန်ဆိပ်ကမ်းက စားသောက်ဆိုင်တစ်ဆိုင်ဖြစ်တဲ့ 1880 စားသောက်ဆိုင်ဆီ ယဉ်ကျေးမှုတစ်ခေတ်ပြောင်းစေနိုင်တဲ့ ဓာတ်ခွဲခန်းထုတ် ကြက်သားတွဲတွေကို ပထမဆုံး စီးပွားဖြစ်ရောင်းချခဲ့တယ်လို့ East Just ကုမ္ပဏီက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ 

အဆိုပါ စားသောက်ဆိုင်ဟာ စနေနေ့ ညနေပိုင်းမှာ ပထမဆုံးအဖြစ် အသက် ၁၄ မှ ၁၈ ကြား ကျောင်းသားတွေကို ဓာတ်ခွဲခန်းမွေး ကြက်သားတွေ တည်ခင်းဧည့်ခံတာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ် စည်းမျဉ်းစည်းကမ်းတွေအရ ကမ္ဘာပထမဆုံးဖြစ်တဲ့ ဒီ ကြက်သားတွေ ရောင်းချစားသောက်မှုကိုတော့ မီဒီယာတွေ သတင်းယူခွင့် ကန့်သတ်ခဲ့တာ ဖြစ်ပါတယ်။ 

1880 စားသောက်ဆိုင်ကို တည်ထောင်သူ မားနီကိုဆန်ကတော့ အခု ကြက်သားဟင်းလျာ ရောင်းချမှုဟာ ရာသီဥတုပြောင်းလဲမှုကို ဖြေရှင်းမယ့် တော်လှမ်းရေးခြေလှမ်းသစ်ဖြစ်သလို ကမ္ဘာမြေကို ဒုက္ခမဖြစ်စေမယ့် အခွင့်အလမ်းတစ်ခုကို ဖန်တီးဖော်ဆောင်တာပဲလို့ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required