မြန်မာလေးဦးကို တရားမဝင် လက်နက်ကိုင်ဆောင်မှုဖြင့် ထိုင်းအာဏာပိုင်များက ဖမ်းဆီး

မြန်မာလေးဦးကို တရားမဝင် လက်နက်ကိုင်ဆောင်မှုဖြင့် ထိုင်းအာဏာပိုင်များက ဖမ်းဆီး
( ဓာတ်ပုံ --ထိုင်းရတ်)

မေ ၁၅

ထိုင်းနိုင်ငံအတွင်း တရားမဝင် လက်နက် ကိုင်ဆောင်မှုဖြင့် မြန်မာနိုင်ငံသားလေးဦးကို ထိုင်း အာဏာ ပိုင်များ ယမန် နေ့က  ဖမ်းဆီးလိုက်သည်။

ထိုင်းနိုင်ငံ ပရာကျွတ်ခီးလီခန် ( Prachuap Khiri Khan ) မြို့နယ် ဆင်ခွန် ( Sing Khon) နယ်စပ်ဂိတ် အနီးတွင် ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ ကာကွယ် ထိန်းချုပ်ရန် အတွက် ကင်းလှည့်နေသည့် ထိုင်းအာဏာပိုင်များက  မြန်မာနိုင်ငံသားများကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းဘာသာဖြင့် ဖော်ပြထားသော ထိုင်းရတ် သတင်းဌာန တွင် ဖော်ပြထားသည်။

( ဓာတ်ပုံ --ထိုင်းရတ်)

အဆိုပါလေးဦးကို တရားမဝင် ကျည်ဆံများ လက်ဝယ် ထားရှိမှု အပြင် တရားမဝင် လက်နက် ကိုင်ဆောင်မှု နှင့် ထိုင်းနိုင်ငံတွင် တရားမဝင် နေထိုင်မှုတို့ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ၎င်း သတင်းက ဆို သည်။

ထိုင်းနိုင်ငံ Singkhon နယ်စပ်ဂိတ်သည် တနင်္သာရီတိုင်း မောတောင်မြို့ တဖက်ကမ်းတွင် ရှိပြီး မြန်မာ ဘက်မှ ၂၀၁၃ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် တရားဝင်ဖွင့်လှစ်ခဲ့ရာ ထိုင်းဘက်ကမူ ၂၀၁၅ ခုနှစ် မေလ ၂၃ ရက် နေ့မှ စပြီး ယာယီ နယ်စပ် ဂိတ်မှ အထူးယာယီနယ်စပ်ဂိတ်အဖြစ်သို့ တိုးမြှင့် ဖွင့်လှစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required