မတ်လ ၂၁ရက်။ ။ ရှမ်းပြည်နယ်၊ကွတ်ခိုင်မြို့နယ်အတွင်း မန်ဒပ်ရွာတွင် လူ ၂၀ခန့်သေဆုံးသည့်သတင်းနှင့် ဒွန်လုံးရွာတွင် လူ သုံးဦး ရုတ်တရက်လဲကျသေဆုံးသည်ဆိုသည် သတင်းများမှာ မဟုတ်မှန်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တင်မောင်ညွန့်က မဇ္စျိမသို့ မတ်လ ၂၁ရက် ညနေ၄နာရီခန့်က အတည်ပြုပြောကြားသည်။
မတ်လ ၂၀ ရက်တွင် လူမှုကွန်ယက်စာမျက်နှာများတွင် ကွတ်ခိုင်မြို့နယ်၊ ဒွန်လုံးကျေးရွာ၌ လူသုံးဦး ရုတ်တရက်လဲကျ သေဆုံးသွားသည့်သတင်းနှင့် မန်ဒပ်ကျေးရွာတွင် လူ၂၀ခန့် သေဆုံးသွားသည့်ဆိုသည့် သတင်းများထွက် ပေါ်ခဲ့သည့် အတွက် တပ်မတော်အပါအဝင်၊အုပ်ချုပ်ရေးအဖွဲ့များနှင့် ကျန်းမာရေးဝန်ထမ်းများ က အဆိုပါကျေးရွာများကို သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
“ အခုစစ်ဆေးတဲ့သူတွေလည်း အဲဒီရွာတွေကနေ ပြန်လာပြီးတော့ မုံးစီးကိုပြန်ရောက်လာပါပြီ။ ဘာမှမဖြစ်ပါ ဘူး။ ပုံမှန်အတိုင်းပါပဲ။ ဘာမှမရှိပါဘူး။ သတင်းရထားပါတယ်။အဲဒါကတော့ အမှန်ပါ။ ရှိတယ်ဆိုရင် ရှိတဲ့အ ကြောင်း၊တွေ့တယ်ဆိုရင် တွေ့တဲ့အကြောင်း သတင်းထုတ်ပြန်မှာပါ။ ဆရာတို့သိတဲ့သတင်းအရတော့ မဟုတ်ပါဘူး။သူတို့ပြောတဲ့သတင်းအရ တစ်ခုမှမဟုတ်ပါဘူး။ ထွက်နေတဲ့သတင်းတွေကတော့ မဟုတ်ပါဘူး” ဟု ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တင်မောင်ညွန့်က မဇ္စျိမသို့ပြောသည်။
အဆိုပါ ရှမ်းပြည်နယ်မြောက်ပိုင်း၊သီပေါမြို့တွင် ပြီးခဲ့သည့် မတ် ၁၇ရက်က တရုတ်နိုင်ငံမှ ပြန်လာသည့် အသက် ၂၀အရွယ် အမျိုးသားတစ်ဦးတွင် COVID 19 လက္ခဏများတွေ့ရှိရသဖြင့် သီပေါပြည်သူ့ ဆေးရုံကြီးတွင် သီးခြားကုသမှုပေးခဲ့ပြီး ရောဂါရှိ၊မရှိဆက်လက်စစ်ဆေးမှုတွင် အဆိုပါလူနာမာှ COVID-19 ပိုးမတွေ့ ရှိရကြောင်း သိရသည်။
COVID-19 သည် နိုင်ငံပေါင်း ၁၇၀ကျော်တွင် ပျံနှံကူးစက်နေပြီး ၂၁ရက်အထိ သေဆုံးသူ ၁၀၀၀၀ကျော် သွားပြီးဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကထုတ်ပြန်ထားသည်။