နိုင်ငံခြားရောက်မဲပေးမည့်သူစာရင်း ၁၈,၀၀၀ ဦးရေသာ ကော်မရှင်ရထား

နိုင်ငံခြားရောက်မဲပေးမည့်သူစာရင်း ၁၈,၀၀၀ ဦးရေသာ ကော်မရှင်ရထား
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၂ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။ (ဓာတ်ပုံ-သက်ကို)

ရန်ကုန်(မဇ္ဈိမ) ။ ။ နိုင်ငံခြားကိုရောက်ရှိနေသည့် မြန်မာနိုင်ငံသား မဲပေးမည့်သူ ၁၈,၀၀၀ ဦး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ရရှိထားသည်ဟု ကော်မရှင်ဥက္ကဌ ဦးတင်အေးက စက်တင်ဘာ ၂ ရက် သတင်းစာရှင်းလင်းပွဲတွင် မဇ္ဈိမကိုပြောသည်။

"အခုချိန်ထိ တစ်သောင်းရှစ်ထောင်ရထားတယ်။ ဆက်ပြီးဝင်လာဦးမှာ။ အဲဒါကို သက်ဆိုင်ရာ ရပ်ကျေး ကော်မရှင်ဆီပို့ပြီး မဲစာရင်းထဲပါမယ်ဆိုရင် ကြိုတင်မဲလတ်မှတ်တွေထုတ်ပေးပြီးမဲပေးရမှာပေါ့။ တစ်ထောင် ရှိရင် ဟိုကပေးသလောက်လာမယ်။ ပြည်ချင်ပြည့်မယ် လျော့ချင်လည်းလျော့မယ်။ ကျော်တာတော့ မဖြစ်ရဘူးပေါ့။" ဟု ၎င်းကဆိုသည်။

ပြည်ပသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများမှ ရွေးကောက်ပွဲအတွင်း မဲပေးနိုင်ရန် ပုံစံ ၁၅ ဖြင့် သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများသို့ လျောက်ထားလာသည့် အရေအတွက်ကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရရှိထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required