တာချီလိတ်မြို့၌ ထိုင်းနိုင်ငံသား ၄ ဦး နှင့် ပစ္စတိုတစ်လက် ဖမ်းဆီးရမိ

တာချီလိတ်မြို့၌ ထိုင်းနိုင်ငံသား ၄ ဦး နှင့် ပစ္စတိုတစ်လက် ဖမ်းဆီးရမိ
ဓာတ်ပုံ-ပြည်ထဲရေး

အောက်တိုဘာ ၂၄ ။                 ။ တာချီလိတ်မြို့၌ ထိုင်းနိုင်ငံသား ၄ ဦးနှင့် ပစ္စတိုတစ်လက်၊ ကျည်အတောင့် ၂၀၀ တောင့်၊ ကျည်အိမ် ၂ ခုတို့ကို ယမန်နေ့ အောက်တိုဘာလ ၂၃ ရက်က ပူးတွဲဖမ်းဆီးမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၃ ရက်နေ့၊ ၁၃၁၀ အချိန်တွင် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် မယ်ခေါင်(၁) လမ်း အမှတ် (၁/၁၄၂)နေ အိုက်ကျွဲ(၂၇)နှစ် ရှမ်း-လားဟူ/ဗုဒ္ဓ ရောင်း/ဝယ် (ဘ)ဦးအိုက်အင်၏ အိမ်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဝင်ရောက်စစ်ဆေးရာမှ ယင်းသို့ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အိုက်ကျွဲ ပိုင် PBX675 နံပါတ်ပါ သြစတြေးလျနိုင်ငံထုတ် Glock အမျိုးအစား 9MM ပစ္စတိုသေနတ်(၁)လက်၊ ၎င်းကျည် ၁၀၀ တောင့်၊ ကျည်အိမ် ၂ ခု၊ သေနတ်ထည့်သည့် လက်ကိုင်ပါ ကော်ဗူး ၁ ဗူး၊ ပွိုင့် ၄၅ ကျည် ၁၀၀ တောင့် တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

အိုက်ကျွဲနှင့်အတူ ထိုင်းနိုင်ငံသား Mr.Thanaphon Siriphan ( ၆၇ )နှစ် ထိုင်း/ဗုဒ္ဓ ရောင်း/ဝယ် (ဘ)ဦးဆူထေ့ ဆွတ်သွေးရပ်ကွက် လမ်းပန်းမြို့ ထိုင်းနိုင်ငံ၊ တစ်ရပ်ကွက်တည်းနေ Mr.Sitthipong Kunna(၄၃)နှစ် ထိုင်း/ဗုဒ္ဓ ရောင်း/ဝယ် (ဘ) ဦးဆွန်ထောင်၊ Mr.Adisak Insuriya (၁၅)နှစ် ထိုင်း/ဗုဒ္ဓ ကျောင်းသား (ဘ)ဦးဖွန်ချိုင်နှင့် Mr.Sutti Pong (၃၀)နှစ် ရောင်း/ဝယ် (ဘ)ဦးဆွတ်လင်း တို့အား တွေ့ရှိခဲ့သည်။

လက်ရှိအချိန်တွင် အိုက်ကျွဲနှင့် ထိုင်းနိုင်ငံသား(၄)ဦး (ဖမ်းမိ)တို့အား တာချီလိတ်မြို့မရဲစခန်းမှ (ပ)၂၁၂/၂၀၁၇ ရှမ်းလက်နက်ပုဒ်မ ၁၂(က)(ဂ)ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိပြီး ထိုင်းနိုင်ငံသား ၄ ဦးအား လဝကပုဒ်မဖြင့် ထပ်မံ အရေးယူသွားမည်ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required