မင်းလှမြို့နယ်၊ ရေနံမှော်များ ရေနံထွက်နှုန်း ကျဆင်းပြီး လာရောက်လုပ်ကိုင်သူနည်းပါးလာ

မင်းလှမြို့နယ်၊ ရေနံမှော်များ ရေနံထွက်နှုန်း ကျဆင်းပြီး လာရောက်လုပ်ကိုင်သူနည်းပါးလာ

ရန်ကုန် အောက်တိုဘာ ၂၀ ။           ။ မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်က ရေနံမှော် များတွင် ရေနံစိမ်းအထွက်နှုန်းနှင့် ရေနံစိမ်းဈေးနှုန်း ကျဆင်းနေသည့်အတွက် ရေနံလုပ်ငန်း လာရောက် လုပ်ကိုင်သူ နည်းပါးလာကြောင်း သိရသည်။

ကမ္ဘာ့ရေနံစိမ်းဈေးများ ကျဆင်းနေပြီး၊ ပြည်တွင်း ဝယ်လိုအားနည်းပါးသည့်အတွက် မင်းလှမြို့နယ်က ရေနံမှော်များ ယခင်ကကဲ့သို့ စည်ကားခြင်းမရှိတော့ ကြောင်း လက်ရှိရေနံလုပ်ငန်း လုပ်ကိုင်နေသူများ၏ ပြောပြချက်အရ သိရသည်။

" ၆ လပိုင်း၊ ၇ လပိုင်းလောက်ကအထိ တော်တော် လေးအဆင်ပြေတယ်၊ အခုနောက်ပိုင်း တဖြည်း ဖြည်းနဲ့ မှော်တွေကလည်း ကျင်းကလည်း မတူးရ တော့ဘူး၊ အစမ်းကျင်းတွေဘာတွေလည်း တူးခွင့် မရှိတော့ဘူး၊ ဒါမျိုးတွေရှိနေတော့ ဆီက အထွက် တော်တော်နည်းလာတယ်" ဟု မင်းလှမြို့ နယ်၊ ရေနံမကျေးရွာက ရေနံလုပ်သား ကိုဇော်ဇော် လင်းက မဇ္ဈိမသို့ ပြောသည်။

ရေနံအထွက်နှုန်းလျော့နည်းလာခြင်းမှာ သက်ဆိုင် ရာက စည်းကမ်းသတ်မှတ်ချက်များကြောင့်လည်း ပါဝင်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

" အစမ်းကျင်းတွေ မတူးခိုင်းတော့ဘူးလေ၊ ဘယ်နေ ရာမှာ ဆီထွက်မလဲ မသိတော့ဘူး၊ ကျွန်တော့် ယာ ကွက်ထဲမှာ အစမ်းတူးချင်တယ်၊ ဒါပေမယ့် အခု သတ်မှတ်ထားတာက ပေ ၁၀၀၀ ထက် ပိုမတူးရ ဘူးလို့လည်း ကြား တယ်လေ" ဟု ကိုဇော်ဇော်လင်းက ပြောသည်။

ယခင်က တစ်ရက်လျှင် ရေနံစိမ်းပေပါ ၇၀၀ ဝန်း ကျင်ထွက်ရှိခဲ့ပြီး ယခုအခါ ပေပါ ၂၅၀ ဝန်းကျင် သာ ထွက်ရှိကြောင်း ၊ ယခင်က ရေနံစိမ်း ၁ ပေပါကို ကျပ် ၈ သောင်းဝန်းကျင်ရရှိရာမှ ယခု ကျပ် ၆ သောင်း ဝန်းကျင်သာရရှိတော့ကြောင်း  ရေနံစိမ်းရောင်းဝယ်သူ များထံမှ သိရသည်။ ရေနံလုပ်ငန်းရင်းနှီးလုပ်ကိုင် သူနည်းပါးလာသည့်အတွက် ရေနံလုပ်ငန်းကိုမှီခို နေသည့် ရေနံလုပ်သားများနှင့် မှော်ကိုအခြေပြု၍ စားသောက်ဆိုင်ဖွင့်လှစ်ရောင်းချသူများလည်း ဝင် ငွေနည်းပါးနေကြသည်ဟု ဒေသခံများက ပြော သည်။

"အရင်တုန်းကတော့ ရောင်းကောင်းတယ်၊ တစ်နေ ကုန်မနားရဘူး၊ အဲဒီတုန်းက ရှမ်းတွေရော၊ ဆီချက် တွေရော ရောင်းတယ်၊ အခုတော့ ထမင်းတောင် ပုံမှန် မရောင်းရတော့ဘူး" ဟု ရေနံမှော်တွင် ထမင်း ဆိုင်ဖွင့်လှစ်သူ ဒေါ်စုစုက ပြောသည်။

မကွေးတိုင်းအတွင်းမှ ထွက်ရှိသည့် ရေနံစိမ်းများကို မုံရွာ၊ ကြံခင်း အစရှိသည့် ရေနံချက်စက်ရုံရှိသော မြို့များကို တင်ပို့ပြီး၊ ကုန်ချောထုတ်လုပ်ကာ မြန်မာ တစ်နိုင်ငံလုံး ဖြန့်ဖြူးနေခြင်းဖြစ်သည်။ မင်းလှမြို့ နယ်ရှိ  ထန်းကိုင်း၊ ငနောင်မုန်း၊ ဒဟက်ပင် နှင့်ရေနံမမှော်များတွင် ယခင်က ရေနံ လုပ်ငန်း လာရောက်လုပ်ကိုင်သူ ၂ သိန်းဝန်းကျင် ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required