ရီးယဲလ်မှ ဂျိမ်းရိုဒရီဂွက်ဇ် ထွက်ခွာသွးပြီးနောက် ကျောနံပါတ် ၁၀ ကို မိုဒရစ် ဝတ်ဆင်မည်

ရီးယဲလ်မှ ဂျိမ်းရိုဒရီဂွက်ဇ် ထွက်ခွာသွးပြီးနောက် ကျောနံပါတ် ၁၀ ကို မိုဒရစ် ဝတ်ဆင်မည်
(ဓာတ်ပုံ - အီးပီအေ)

မကြာသေးခင်က ဂျိမ်းရိုဒရီဂွက်ဇ်ဟာ လာလီဂါချန်ပီယံအသင်းမှ ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့သွားခဲ့ပြီးနောက် ရီးယဲလ်အသင်းကွင်းလယ်လူ လူကာ မိုဒရစ်က လာမယ့်ရာသီ ၂၀၁၇-၁၈ မှာ ကျောနံပါတ် ၁၀ ကို ဝတ်ဆင်သွားမှာဖြစ်တယ်လို့ စပိန်ကလပ်အသင်းက အတည်ပြုခဲ့ပါတယ်။

ခရိုအေရှားကွင်းလယ်ကစားသမား မိုဒရစ်ဟာ ပြီးခဲ့တဲ့ရာသီက ဂျာစီနံပါတ် ၁၉ ဝတ်ဆင်ခဲ့ပြီး ကျောနံပါတ် အပြောင်းအလဲအတွက် ရီးယဲလအသင်းရဲ့ တရားဝင် ဝက်ဘတ်ဆိုင်မှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။

မိုဒရစ်ဟာ ၂၀၁၂ ခုနှစ် နွေရာသီက စပါအသင်းမှ ရီးယဲလ်သို့ ပြောင်းရွှေ့ခဲ့ပြီး ဂျိမ်းဟာ ဘိုင်ယန်မြူးနစ်သို့ နှစ်ရာသီအငှားနဲ့  စပိန်ကလပ်အသင်းမှ ထွက်ခွာသွားခဲ့ပါတယ်။

ရီးယဲလ်အသင်းရဲ့ ဂျာစီ နံပါတ်သစ်များမှာ ခေါ်ယူထားတဲ့ ကစားသမားသစ်များနှင့် အငှားချထားရာမှ ပြန်လည်ရောက်ရှိလာတဲ့ ကစားသမားလည်း ပါဝင်ပါတယ်။ ကွင်းလယ်လူ မားကိုစ်လော်ရန်တေးက ကျောနံပါတ် ၁၈ ဝတ်ဆင်မှာဖြစ်ပြီး နောက်ခံလူ ဗာလီဟိုက ဂျာစီနံပါတ် ၃ ကို ရယူမှာဖြစ်ပါတယ်။

ဒါ့အပြင် တိုက်စစ်မှူး ဘိုဂျို မာရိုလာက နံပါတ် ၂၁ ၊ ဟာနန်ဒက်ဇ် ကျောနံပါတ် ၁၅နှင့် စီဘာယော့ နံပါတ် ၂၄ တို့ အသီးသီးဝတ်ဆင်သွားမှာဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဖလားနှင့် လာလီဂါဖလားတို့ကို ဆွတ်ခူးရရှိခဲ့ပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required