အက်​သလက်​တီကို လူငယ်နောက်​ခံလူ သီယိုဟာနန်​ဒက်​ဇ်​ကို (၆) နှစ် စာချုပ်နဲ့ ရီးယဲလ် ခေါ်ယူ

အက်​သလက်​တီကို လူငယ်နောက်​ခံလူ သီယိုဟာနန်​ဒက်​ဇ်​ကို (၆) နှစ် စာချုပ်နဲ့ ရီးယဲလ် ခေါ်ယူ
(ဓာတ်ပုံ - အီးပီအေ)

ပြင်သစ် ဘယ်နောက်ခံလူ သီယိုဟာနန်ဒက်ဇ်ဟာ (၆)နှစ်သက်တမ်းရှိ ရီးယဲလ်မက်ဒရစ်ရဲ့ ကစားသမားဖြစ်လာပြီဖြစ်ကြောင်း ကလပ်အသင်းက ကြေညာချက်မှာ ဖော်ပြလိုက်ပါတယ်။

"ရီးယဲလ်နှင့် အက်သလက်တီကိုတို့ဟာ ကစားသမား သီယိုဟာနက်ဒက်ဇ်ရဲ့ အပြောင်းအရွှေ့အတွက် သဘောတူညီခဲ့ပြီး သူဟာ ရီးယဲလ်အသင်းနဲ့ ၆ နှစ်စာချုပ်မှာဖြစ်ပါတယ်"လို့ ကလပ်အသင်းက ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သီယိုဟာနန်ဒက်ဇ်ဟာ ဆေးစစ်မှုခံယူပြီးနောက် တနင်္လာနေ့မှာ ဘာနေဗျူးကွင်းမှာ ကစားသမားကို မိတ်ဆက်သွားမှာဖြစ်တယ်လို့ ကလပ်အသင်းက ဆိုပါတယ်။

သူဟာ ၁၉၉၇ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့မှာ မာဆေးလ်မှာ မွေးဖွားပြီး အက်သလက်တီကို ဂျာစီဝတ်ခဲ့ကြတဲ့ ကစားသမားဟောင် ဂျင်း-ဖရမ်ကိုစ် ဟာနန်ဒက်ဇ်ရဲ့ သားဖြစ်ကာ လူးကပ်စ်ဟာနန်ဒက်ဇ်ရဲ့ အကိုလည်းဖြစ်ပါတယ်။

သီယိုဟာနန်ဒက်ဇ်ဟာ အသက် ၁၁ အရွယ်မှာ အက်သလက်တီကိုရဲ့ လူငယ်အကယ်ဒမီကို ရောက်ရှိလာပြီး ပြီးခဲ့တဲ့ရာသီ အလာဗက်စ်အသင်းမှာ အငှါးသွားရောက်မကစားခင်အထိ အရံအသင်းမှာ ကစားခဲ့ပါတယ်။

ပြင်သစ်လူငယ်အသင်းမှာ ကစားတဲ့ နောက်ခံလူဟာ မာဆယ်လိုနေရာ၊ အထူးသဖြင့် စပို့တင်းလစ္စဘွန်းဆီ တစ်ရာသီအဌားနဲ့ ပြောင်းရွှေ့ထွက်ခွာသွားတဲ့ ကွန်ထရာအိုရဲ့ နေရာ အစားထိုးအဖြစ် ရီးယဲလ်ကို ရောက်ရှိလာသူဖြစ်ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required