ပြည်ကြီးတံခွန် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံးပစ်တိုက်ခိုက်

By 008 (မဇ္ဈိမ)
16 November 2023
ပြည်ကြီးတံခွန် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံးပစ်တိုက်ခိုက်

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၅ လမ်း၊ ၆၀-၆၂ လမ်းကြား၊ (စျ)ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို နိုဝင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ခန့်က ဗုံးပစ်တိုက်ခဲ့ကြောင်း မန္တလေးခရိုင် အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်သည်။

ရွှေပြည်စိုးစစ်ဆင်ရေးအနေဖြင့် မန္တလေးခရိုင် အမှတ်(၃)တပ်ရင်း၊ တပ်ခွဲ(၂)ရဲဘော်များက တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုစာရင်းကို အခြေအနေရ အတည်မပြုနိုင်သေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရွှေပြည်စိုးစစ်ဆင်ရေးအနေဖြင့် မန္တလေးမြို့တွင် စစ်ဆင်ရေးများ အရှိန်မြှင့်တင် လုပ်ဆောင်သွားမည်ဖြစ် သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့များ၏ အထိုင်စခန်းများ၊ စစ်ရေးလှုပ်ရှားမှုများဖြစ်ပွားနိုင် သည့်နေရာများကို အဝေးဆုံးမှရှောင်ရှားသွားလာကြရန် မန္တလေးခရိုင် အမှတ်(၃)တပ်ရင်းက မြို့လူထု အား အသိပေးနိုးဆော်ထားသည်။

မန္တလေးမြို့တွင် ရွှေပြည်စိုး စစ်ဆင်ရေးကို နိုဝင်ဘာလ ၁၃ ရက်နေ့ကစတင်ကြောင်းကြေညာခဲ့ပြီး ယင်းနေ့မှာပင် စစ်ကောင်စီတပ်၏ အမှတ်(၂) ပင်မအလုပ်ရုံ၊ လျှပ်စစ်ဌာနနှင့် တမာတန်းရှိ ယာဉ်သိုလှောင်ရေး တပ်ဝင်းအတွင်းသို့ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့သည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly