အဆိုးဆုံးဇာတ်ကားဆုအတွက် စာရင်းသွင်းခံထားရသော Zoolander 2 နှင့် အက်ဖ်ဖလက်၊ဒီနဲရိုးတို့၏ ဇာတ်ကားများ

အဆိုးဆုံးဇာတ်ကားဆုအတွက် စာရင်းသွင်းခံထားရသော Zoolander 2 နှင့် အက်ဖ်ဖလက်၊ဒီနဲရိုးတို့၏ ဇာတ်ကားများ

ပြီးခဲ့သော တနင်္လာနေ့က ထုတ်ပြန်ခဲ့သည့် နှစ်စဉ်ချီးမြှင့်နေကြ အဆိုးဆုံးဇာတ်ကားဆု (Razzie)ဆုအတွက် လျာထားခံရသောစာရင်းတွင် Zoolander 2 ဇာတ်ကားမှ ဦးဆောင်နေပြီး   အော်စကာဆုရှင် ဝါရင့်သရုပ်ဆောင် ကြီးရောဘတ်ဒီနဲရိုး၊ဘန်အက်ဖ်ဖလက် နှင့် ဂျူလီယာရောဘတ်တို့သရုပ်ဆောင်ထားသောဇာတ်ကားများ လည်း ထိုစာရင်း၌ပါဝင်လာခဲ့သည်။

အဆိုပါ Razzie ဆုကို၁၉၈၀ခုနှစ်ကစတင်ပေးအပ်ချီးမြှင့်ခဲ့ပြီး ဟောလိဝုဒ်၏အော်စကာဆုပေးပွဲအခမ်းအနား အား စိတ်ဖြေသိမ့်သည့်အနေဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။နှစ်တစ်နှစ်အတွက် အဆိုးဆုံးဇာတ်ကားဆုများ ရရှိသူများသည် ရွှေရက်စ်ဘယ်ရီသီးဆုကို ရရှိမည်ဖြစ်ပြီး အဆိုပါပွဲအား ဖေဖေါ်ဝါရီလတွင် ကျင်းပသောအကယ်ဒမီ ဆုပေးပွဲမတိုင်မီ အကြိုနေ့တွင် ကျင်းပလေ့ရှိပါသည်။

ရုံဝင်ငွေကော ပရိတ်သတ်အားပေးမှုပါနည်းပါးခဲ့သည့် Zoolander 2 ဇာတ်ကားသည်ယခုနှစ်ဆုပေးပွဲ၌ ဆုပေါင်း ၈ဆုအတွက်လျာထားခြင်းခံထားရပြီး အဆိုးဆုံးဒါရိုက်တာဆု နှင့် အဆိုးဆုံးသရုပ်ဆောင်ဆုအတွက် ခေါင်းဆောင်မင်းသား ဘန်စတေးလာ၊ တွဲဖက်သရုပ်ဆောင်အိုဝင်ဝယ်လ်ဆင်နှင့် ဝယ်လ်ဖာရယ်လ် တို့က လျာထားခံထားရပါသည်။

နာမည်ကြီးမင်းသား ဘန်အက်ဖ်ဖလက်ကလည်း “Batman v Superman;Dawn of Justice” ဇာတ်ကားနှင့် အဆိုးဆုံးရုပ်ရှင်ဆု၊ ရုပ်ရှင်ဇာတ်ညွှန်းဆုတို့အတွက် လျာထားခြင်း ခံထားရပါသည်။   ဝေဖန်ရေးဆရာများက အဆိုပါ ဇာတ်ကားအား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သောလည်း ရုံဝင်ငွေအရတော့ အောင်မြင်မှု ရရှိခဲ့သည်။

ဒါအပြင် ရောဘတ်ဒီနဲရိုး၏ Dirty Grandpa ဇာတ်ကား၊ လီရမ်ဟမ်းစ်ဝေါ့သ်၏ Independence Day ဇာတ်ကား နှင့် ဂျက်ဖ်ဂိုးလ်ဘလမ်၏ Gods of Egypt ဇာတ်ကားတို့ဟာလည်း အဆိုးဆုံးဆုများအတွက် စာရင်းသွင်းခံထားရပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required