ရွှေကမ္ဘာလုံးဆုအများအပြား သိမ်းကြံုးရရှိခဲ့သော La La Land ဇာတ်ကား

ရွှေကမ္ဘာလုံးဆုအများအပြား သိမ်းကြံုးရရှိခဲ့သော La La Land ဇာတ်ကား

ရွှေကမ္ဘာလုံးဆုပေးပွဲကို နှစ်စဉ်ကျင်းပလေ့ရှိပြီး ယခု၂၀၁၇ခုနှစ်အတွက် ရ၄ကြိမ်မြောက်ဆုပေးပွဲ အခမ်းအနားကို ဇန်နဝါရီ ၈ရက် တနင်္ဂနွေနေ့တွင် ကျင်းပခဲ့ပါသည်။

ဟောလိ၀ုဒ် ဂီတနောက်ခံဇာတ်ကား La La Land ဟာ ဆုပေါင်း ရဆုတိတိရရှိခဲ့ကာ ရွှေကမ္ဘာလုံးဆုပေးပွဲသမိုင်း မှာဆုအများဆုံးရရှိသော စံချိန်သစ်တစ်ရပ်ကို ရေးထိုးနိုင်ခဲ့ပါသည်။

ယင်းဇာတ်ကားဟာ ၄င်းအမည်စာရင်းတင်သွင်းခြင်းခံရသော ကဏ္ဏအားလုံးမှ ဆုအားလုံးကိုဆွတ်ခူးနိုင်ခဲ့ပြီး၄င်း ဇာတ်ကားရဲ့ခေါင်းဆောင်မင်းသားနှင့် မင်းသမီးဖြစ်ကြသော Ryan Gosling နှင့် Emma Stone တို့ဟာလည်း အကောင်းဆုံး ဂီတဇာတ်မြူးရုပ်ရှင်ကားအတွက် သရုပ်ဆောင်ထူးချွန်ဆု အသီးသီးကို ရရှိခဲ့ကြပါသည်။ ဒါ့အပြင် ယင်းဇာတ်ကားဖြင့် အကောင်းဆုံး ဒါရို်က်တာဆု၊ ရုပ်ရှင်ဇာတ်ညွှန်းဆု၊ သီချင်းဆုနှင့် အခြားဆုများ ရရှိခဲ့သည်။

ရွှေကမ္ဘာလုံးဆုဆွတ်ခူးခြင်းဟာ အော်စကာဆုဆွတ်ခူးဖို့အတွက် အလားအလာကောင်းတစ်ရပ်ပဲ ဖြစ်ပါသည်။

Moonlight ဇာတ်ကားဟာလည်း အကောင်းဆုံးဒရာမာရုပ်ရှင်ဆုရရှိခဲ့သလို Casey Affleck နှင့် Isabelle Huppert တို့ဟာလည်း အခြားသရုပ်ဆောင် ထူးချွန်ဆုများကိုရရှိခဲ့သည်။ Affleck ဟာ ဒရာမာရုပ်ရှင်အတွက် အကောင်းဆုံးသရုပ်ဆောင်မင်းသားဆုကို သူ့ရဲ့ Manchester By The Sea ဇာတ်ကားဖြင့်ဆွတ်ခူးခဲ့ပြီး ပြင်သစ်စတား Isabelle Huppert ဟာလည်း အကောင်းဆုံး ဒရာမာရုပ်ရှင်သရုပ်ဆောင်မင်းသမီးဆုကို Elle ဇာတ်ကားဖြင့်ဆွတ်ခူးနိုင်ခဲ့ပါသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required