ဆိုင်ဘာတိုက်ခိုက်သည့် စွဲချက်များဖြင့် ရုရှသံတမန်များအား ရ၂ နာရီအတွင်း ထွက်သွားရန် အမေရိကန် နှင်ထုတ်

ဆိုင်ဘာတိုက်ခိုက်သည့် စွဲချက်များဖြင့် ရုရှသံတမန်များအား ရ၂ နာရီအတွင်း ထွက်သွားရန် အမေရိကန် နှင်ထုတ်

နယူးယောက်၊  ဒီဇင်ဘာ ၃၀ ။         ။ ပြီးခဲ့သည့် ရွေးကောက်ပွဲ၌ ၀င်ရောက်ခြေထိုးမှုများ ရှိသည်ဆိုကာ ရုရှသံတမန် ၃၅ ဦးအား အမေရိကန်က ရ၂ နာရီအတွင်း နိုင်ငံမှ ထွက်သွားရန်   နှင်ထုတ်ထားသည်။

ရုရှထောက်လှမ်းရေးစုဆောင်းရာအဖြစ် အသုံးပြုခဲ့သည်ဆိုသော အဆောက်အအုံနှစ်ခုကိုလည်း ပိတ်သိမ်းမည်ဖြစ်သည်။

ဒီမိုကရက်တစ်ပါတီနှင့် ဟီလာရီကလင်တန်တို့အား အဓိကတိုက်ရိုက် ဟက်ကာဖောက်ထွင်းမှုများကို ရုရှက ကျုးလွန်ခဲ့သည်ဟု အမေရိကန်ဖက်က စွပ်စွဲထားကာ သမ္မတအိုဘားမားက ယင်းကိစ္စရပ်အပေါ် တု့ံပြန်အရေးယူသွားမည်ဟု စိတ်ပိုင်းဖြတ်ထားသည်။

ရုရှက ဆိုင်ဘာတိုက်ခိုက်မှုများတွင် လုံးလုံးပါ၀င်ခြငး်မရှိကြောင်း ငြင်းကာ စွပ်စွဲချက်များက အခြေအမြစ်မရှိဟု ပြောခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ၀ါရှင်တန်ဒီစီသံရုံးနှင့် ဆန်ဖရန်စစ္စကိုရှိ ကောင်စစ်ရုံးသို့မှ ရုရှသံတမန် ၃၅ ဦးအား မိသားစုနှင့်အတူ ရ၂ နာရီအတွင်း အမေရိကန်နိုင်ငံတွင်းက ထွက်ခွာရန် ကြေညာခဲ့သည်။

အမေရိကန်အကြီးတန်လွှတ်တော်အမတ်တစ်ဦးကလည်း ဟက်ကာတိုက်ခိုက်ခြင်းများတွင် အဓိကအခန်းကဏ္ဍက ရှိနေသည် ယူဆရသည့် ရုရှတာဝန်ရှိသူများအား ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် ဆော်သြထားစဉ် ယခုသံတမန်များအား နှင်ထုတ်မှု ဖြစ်လာခြင်းလည်းဖြစ်သည်။

အမေရိကန်ရွေးကောက်ပွဲအား ရုရှက ဟက်ကာတိုက်ခိုက်သည်ဆိုခြင်းအပေါ် အချို့သော လွှတ်တော်အမတ်များက နိုင်ငံရေးနယ်ပယ်မှ အလစ်အငိုက်ဝင်တိုက်ခိုက်ခံရခြင်းကို ရည်ညွန်းလျက် “နိုင်ငံရေးပုလဲဆိပ်ကမ်းဖြစ်ရပ်”အဖြစ် ပုံဖော်ထားကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags