မြန်မာ ကာစီနိုများမှ ဗီယက်နမ်နိုင်ငံသား ၆၁ ဦးကို ကယ်တင် 

By VN Express
27 October 2023
မြန်မာ ကာစီနိုများမှ ဗီယက်နမ်နိုင်ငံသား ၆၁ ဦးကို ကယ်တင် 

မြန်မာနိုင်ငံရှိ ကာစီနိုများမှ ဗီယက်နမ်နိုင်ငံသား ၆၁ ဦးကို ကယ်တင်ခဲ့ရကြောင်း မြန်မာနိုင်ငံရှိ ဗီယက်နမ်သံရုံးနှင့် ဌာနေအာဏာပိုင်များက အတည်ပြုကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး ဖမ်သူဟန်က ဟနွိုင်းရှိ သတင်းစာရှင်းလင်းပွဲတွင် ကြာသပတေးနေ့က ပြောသည်. 

မြန်မာနိုင်ငံ မြောက်ပိုင်းနယ်စပ်ဧရိယာများရှိ ဥပဒေမဲ့ ကာစီနိုများမျ ဗီယက်နမ်နိုင်ငံသားများအပါအဝင် နိုင်ငံခြားသား ၂၀၀ နီးပါးကို ကယ်တင်ထားကြောင်း မြန်မာအာဏာပိုင်များဆီမှ သတင်းပေးပို့ချက်ကို ဗီယက်နမ်သံရုံးနှင့် ဝန်ကြီးဌာန၏ ကောင်စစ်ဌာနတို့က လက်ခံရရှိခဲ့ကြောင်း မကြာသေးသော ရက်ပိုင်းအတွင်း ဖမ်သူဟန်က ပြောထားသည်။ 

ရရှိသည့် သတင်းအချက်အလက်ပေါ် မူတည်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသည် ယင်းအရေးအား အတည်ပြုရန် ဌာနေအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် ညွှန်ကြားခဲ့ပြီး ဗီယက်နမ်နိုင်ငံသားများအား နေရာထိုင်ခင်း စီစဉ်ပေးရန် မြန်မာဘက်အား မေတ္တာရပ်ခံခဲ့သည်။  

လိုအပ်သော ကောင်စစ်ရေးရာ လုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်ရန်အတွက် ပြည်တွင်းနှင့် မြန်မာအာဏာပိုင်များနှင့် ချက်ချင်းပူးပေါင်းဆောင်ရွက်ရန်လည်း သံရုံးနှင့် သက်ဆိုင်ရာ ဌာနများကို ဝန်ကြီးဌာနက ညွှန်ကြားခဲ့သည်။  

ယခု ဖြစ်ရပ်နှင့် ပတ်သက်ကာ မြန်မာအာဏာပိုင်များက အပြီးသတ် ဆောင်ရွက်ပြီးနောက်တွင် ဗီယက်နမ်နိုင်ငံသားများအား နိုင်ငံရင်း ပြန်ပို့ရေးနှင့် အခွင့်အရေးများကို ကာကွယ်ရေးအတွက်လည်း ဝန်ကြီးဌာနက ညွှန်ကြားခဲသည်။ 

မြန်မာနိုင်ငံတွင် ကယ်တင်ခဲ့ရသော ယခု ဗီယက်နမ်နိုင်ငံသားများ၏ မိသားစုများနှင့် ပတ်သက်ပြီး သတင်းပေးချင်ပါကလည်း ကောင်စစ်ရေးရာဌာနနှင့် ဗီယက်နမ်သံရုံးများသို့ ဆက်သွယ်ရန်လည်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly