ချင်းရွှေဟော်ကို မြောက်ပိုင်းမဟာမိတ်အဖွဲ့ သိမ်းပိုက်

By အဂမ်(မဇ္ဈိမ)
27 October 2023
ချင်းရွှေဟော်ကို မြောက်ပိုင်းမဟာမိတ်အဖွဲ့ သိမ်းပိုက်
ပုံအညွှန်း- ချင်းရွှေဟော်ကုန်သွယ်ရေးဇုန်စောင့် စကစတပ်ဖွဲ့ဝင်များ(ဓာတ်ပုံ -CJ)

မြောက်ပိုင်းမဟာမိတ်အဖွဲ့က ချင်းရွေဟော်မြို့ကို  ယနေ့ အောက်တိုဘာလ ၂၇ ရက် နေ့လယ်ပိုင်းတွင် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း မဇ္ဓျိမ၏ မြေပြင်အဖွဲ့က ကနဦး စုံစမ်းသိရှိထားသည်။

လက်ရှိတွင် မြို့ထဲ၌ စစ်ကောင်စီတပ်သားများနှင့် ရဲများမရှိတော့ဘဲ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထိန်းချုပ်ထားကြောင်း ဒေသခံများထံက သိရသည်။

“ စကစ အဖွဲ့တွေက မြို့ထဲက ထွက်သွားပြီ။ လောင်းကစားရုံထဲက   တရုတ်တွေနဲ့ ဝန်ထမ်းတွေလည်း တရုတ်ဘက်ကို ဝင်သွားကြပြီ” ဟု ဒေသခံက ပြောသည်။

ချင်းရွှေဟော်မြို့မှ ဒေသခံအချို့သည်လည်း တရုတ်ပြည်ဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

 ယနေ့  မနက် ၄ နာရီခန့်က စတင်ဖြစ်ပွားနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲများသည် လက်ရှိအချိန်အထိ ဖြစ်ပွားနေဆဲဖြစ်သည်။

 မဇ္ဓျိမ၏ မြေပြင်သတင်းအဖွဲ့ကလည်း သတင်းများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ချင်းရွှေဟော်မြို့သည် ရှမ်းပြည်နယ်၊ လောက်ကိုင်ခရိုင်၊ လောက်ကိုင်မြို့နယ်တွင် ပါဝင်ပြီး တရုတ်နိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ်နေသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required