လမ်းမတော်မြို့နယ်၊ ၃ ရပ်ကွက်တွင် အမှိုက်ပုံးအနီး ကျည်ဆံများ တွေ့ရှိ

လမ်းမတော်မြို့နယ်၊ ၃ ရပ်ကွက်တွင် အမှိုက်ပုံးအနီး ကျည်ဆံများ တွေ့ရှိ

ရန်ကုန်၊ အောက်တိုဘာလ ၁၂ ရက်၊ ၂ဝ၁၆ ။                         ။ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ အမှတ် ၃ ရပ်ကွက်၊ အနော်ရထာလမ်း၊ ၇ လမ်းနှင့် ၈ လမ်းကြားရှိ အမှိုက်ပုံး အနီးတွင် ၉ မမ ကျည်ဆံများကို သေတ္တာတစ်လုံးဖြင့် ယနေ့ အောက်တိုဘာလ ၁၂ ရက် နံနက် ပိုင်းက တွေ့ရှိခဲ့ ကြောင်း လမ်းမတော်မြို့နယ်ရဲစခန်းမှ အမှုစစ်တာဝန်မှူး ဒုရဲအုပ် ဦးဆန်းကိုကိုက မဇ္ဈိမကို ပြောသည်။

 " အဲ့ဒါကတော့ အနော်ရထာလမ်း ၇လမ်းနဲ့ ၈လမ်းကြားမှာ အမှိုက်ပုံး အနီးမှာ တွေ့တယ်ဆိုပြီးတော့ စည်ပင်သန့်ရှင်းရေး ဝန်ထမ်း က လှမ်းပြီး အကြောင်းကြားလို့ ကျွန်တော်တို့ မြို့နယ်မှူးနဲ့အဖွဲ့တွေ သွားရောက် စစ်ဆေး ခဲ့ပါတယ် "ဟု ၎င်းက ဆိုသည်။

 အဆိုပါ သေတ္တာကို ယနေ့ နံနက်  ၉နာရီခွဲခန့်တွင်  လူငယ် ၂ ဦးက လာရောက်စွန့်ပစ်ခဲ့ခြင်းဖြစ်ပြီး သေတ္တာ ထဲ  တွင် ၉ မ.မ ကျည်ဆံထုပ်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒုရဲအုပ် ဦးဆန်းကိုကိုက အတည်ပြု ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ " ၈ လမ်း၊ အိမ်အမှတ် ၇၄ (B) ၊မှ မနီ ဆိုသူ အမျိုးသမီးတစ်ဦးမှ  အဆိုပါ ကျည်ဆံများသည် သူမ၏ အမျိုးသား ဗိုလ်မှူး မျိုးညွန့်အောင် (ကုန်သွယ်လယ်ယာ) ဆိုသူ၏ ပစ္စည်းများဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း လူမှုကွန်ရက်များတွင် ရေးသားထားကြသော်လည်း လက်ရှိတွင် စစ်ဆေးဆောင်ရွက်နေကြောင်း၊ အတည်မပြုရသေးသည့်အတွက် ပြောဆို၍ မရသေးကြောင်း ဒုရဲအုပ် ဦးဆန်းကိုကိုက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly