ရွန်နီသည် မန်ယူ၏အရေးပါသော ကစားသမားအဖြစ်ရှိနေဆဲဟု မော်ရင်ဟိုပြော

ရွန်နီသည် မန်ယူ၏အရေးပါသော ကစားသမားအဖြစ်ရှိနေဆဲဟု မော်ရင်ဟိုပြော

စက်တင်ဘာ ၂၅၊ မန်ချက်စတာ။             ။ လက်စတာကို ၄-၁ ဖြင့်နိုင်သည့်ပွဲတွင် ပွဲထွက်လူစာရင်းမှချန်လှပ်ခဲ့ရသော်လည်း ဝိန်းရွန်နီအပေါ်အပြည့်အဝယုံကြည်ကြောင်း နှင့် မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်မှာ အရေးပါသောကစားသမားအဖြစ် ဆက်ရှိနေဆဲဖြစ်ကြောင်း နည်းပြ မော်ရင်ဟိုက ပြောသည်။

ရွန်နီကို မော်ရင်ဟိုချန်လှပ်ထားခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး လက်ရှိချန်ပီယံလက်စတာအသင်းကို ပွဲချိန်ပထမပိုင်းတွင် ၄-၀ ဖြင့် အနိုင်ရနေခဲ့သည်။

“သူက ကျွန်တော့်လူပါ။ သူ့ကို အပြည့်အဝယုံကြည်ပါတယ်။ အခုလိုအခိုက်အတန့်မှာ ကျွန်တော်လုပ်ခဲ့တာကို သူကလည်း ကျေနပ်ပါတယ်။ အဲဒါ အသင်းတစ်သင်းပါပဲ။ သူဟာ ကျွန်တော့်အတွက်၊ ယူနိုက်တက်အတွက်၊ နိုင်ငံအတွက် အရေးပါတဲ့သူပါ” ဟု မော်ရင်ဟိုက ပြောသည်။

ပွဲထွက်လူစာရင်းမှ ရွန်နီ နောက်ဆုံးချန်လှပ်ခံခဲ့ရသည့်အချိန်မှာ ယမန်နှစ် ဘောက်ဆင်ဒေးကာလက ဖြစ်သည်။ စနေနေ့က ရွန်နီ မပါသည့်ပွဲတွင် ယူနိုက်တက်သည် အထနှေးသည့်ပွဲအစမိနစ် ၂၀ ကိုကျော်ဖြတ်လာပြီးနောက် စမောလင်း၊ မာတာ၊ ရက်ရှ်ဖို့ဒ်နှင့် ပေါ့ဂ်ဘာတို့ ဂိုးသွင်းနိုင်ခဲ့ကြသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required