၁၀၂၇ စစ်ဆင်ရေး နမ့်ခမ်းမြို့တွင်း မြင်ကွင်းများ

By မဇ္ဈိမ
12 November 2023
၁၀၂၇ စစ်ဆင်ရေး နမ့်ခမ်းမြို့တွင်း မြင်ကွင်းများ
ဓာတ်ပုံ - နိုဝင်ဘာလ ၉ ရက်နှင့် ၁၀ ရက်နေ့တိုက်ပွဲအပြီး မြင်ကွင်းများ (photos- Mizzima)

၁၀၂၇ စစ်ဆင်ရေးအဖြစ် တရုတ်-မြန်မာ နယ်စပ်မြို့တမြို့ဖြစ်သော ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ခမ်းမြို့တွင်းကို TNLA (တအာင်း) က နိုဝင်ဘာ ၃ ရက်နေ့မှာ မြို့သိမ်းတိုက်ပွဲစတင်ခဲ့ပြီး ၇ ရက်နေ့တွင် မြို့ကို ထိန်းချုပ်နိုင်ခဲ့သည်။

ငါးရက်ကြာတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ မြို့အဝင်ဂိတ်၊ မြို့မရဲစခန်း၊ ဌာနဆိုင်ရာရုံးတွေနှင့် စစ်ကောင်စီတပ် တပ်စွဲခုခံခဲ့သည့် မြို့လယ်ဘုန်းကြီးကျောင်းဝန်းများကို TNLAက တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည်ကို တွေ့ရသည်။  

နမ့်ခမ်းမြို့နယ်ကို အလုံးစုံသိမ်းပိုက်နိုင်ရန်အတွက်တော့ မြို့ပြင်က စစ်ကောင်စီ (စခန်းသစ်)တပ်စခန်း တခုကိုသိမ်းရန်ကျန်ရှိနေသေးသည်။ လောလောဆယ်တွင် TNLAက ထိုးစစ်ဆင်မှုကို ရပ်နားထားသည်။

ဓာတ်ပုံ - နိုဝင်ဘာလ ၉ ရက်နှင့် ၁၀ ရက်နေ့တိုက်ပွဲအပြီး မြင်ကွင်းများ (photos- Mizzima)

မြို့ပတ်လည်နှင့် မြို့တွင်းမှာ TNLA တပ်များက ထိန်းချုပ်ထားသည်ကိုတွေ့ရပြီး မြို့ကို ပုံမှန်လည်ပတ်ခွင့် ပြုထားသည်။

ဓာတ်ပုံ - နိုဝင်ဘာလ ၉ ရက်နှင့် ၁၀ ရက်နေ့တိုက်ပွဲအပြီး မြင်ကွင်းများ (photos- Mizzima)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required