ဂါဇာအပစ်အခတ်ရပ်စဲရေး အမေရိကန် ရပ်တည်ချက် | VOA on Mizzima

ဂါဇာအပစ်အခတ်ရပ်စဲရေး အမေရိကန် ရပ်တည်ချက် | VOA on Mizzima

ဂါဇာမြောက်ပိုင်းမှာ လူသားချင်း စာနာမှု အကူအညီပေးဖို့အတွက် အစ္စရေး အနေနဲ့ နေ့စဉ် ၄ နာရီ ကြာ အပစ်ရပ်ပေးမယ်ဆိုတာကို အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ကောင်စီပြောခွင့်ရ John Kirby က အတည်ပြုပါတယ်။ ပါလက်စတိုင်း အသေအပျောက် အရေအတွက် တိုးလာတာကြောင့် ဒီမိုကရက်တစ် လွှတ်တော် အမတ်တချို့အပါအဝင် ဒေါသထွက်သူတွေ များလာချိန်မှာ အခုလို ကြေညာချက်ထွက်လာတာပါ။ ဗွီအိုအေ သံတမန်ရေးရာ သတင်းထောက် Cindy Saine သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ဆက်ထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required