အာစင်ဝင်းဂါးမျက်နှာကို ရိုက်ပစ်ချင်သည်ဟု မော်ရင်ဟို၏ စာအုပ်သစ်တွင်ရေးသားထား

အာစင်ဝင်းဂါးမျက်နှာကို ရိုက်ပစ်ချင်သည်ဟု မော်ရင်ဟို၏ စာအုပ်သစ်တွင်ရေးသားထား

စက်တင်ဘာ ၂၃၊ မန်ချက်စတာ။           ။ မာတာကိစ္စအချင်းများမှုနှင့် ပတ်သက်ပြီး အာစင်ဝင်းဂါးမျက်နှာကိုရိုက်ပစ်ချင်သည်ဟု ပေါ်တူဂီလူမျိုးနည်းပြမော်ရင်ဟို၏ စာအုပ်သစ်တွင် ရေးသားထားသည်။

၂၀၁၄ ဇန်နဝါရီတွင် ချယ်လ်ဆီးမှ မန်ချက်စတာယူနိုက်တက်သို့ မာတာပြောင်းရွှေ့သွားခြင်းနှင့်ပတ်သက်ပြီး အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးနှင့် ထိုစဉ်ကချယ်လ်ဆီးနည်းပြမော်ရင်ဟိုတို့အကြား အပြန်အလှန်စကားစစ်ထိုးခဲ့ကြသည်။

ကစားသမားကောင်းတစ်ဦးကို အဓိကပြိုင်ဘက်အသင်းထံရောင်းချခဲ့မှုကို အံ့အားသင့်ကြောင်း အာစင်ဝင်းဂါးက ဖော်ပြခဲ့သည်။ ထို့ပြင် မော်ရင်ဟိုသည် ရှုံးမှာကြောက်သူဖြစ်သည်ဟုလည်း ဝင်းဂါးက ပြောဆိုခဲ့သည်။ မော်ရင်ဟိုကလည်း အာစင်ဝင်းဂါးကို အရှုံးစပါယ်ရှယ်လစ်ဟု ပြန်လည်တုန့်ပြန်ခဲ့သည်။

ယင်းနောက်တွင် မော်ရင်ဟိုသည် ၎င်း၏စာအုပ်ကိုရေးသားပေးမည့် ရော့ဘ်ဘီယာစလေကိုရှာဖွေပြီး “တစ်နေ့မှာ ဘောလုံးကွင်း အပြင်ဘက်မှာ ဝင်းဂါးကိုရှာပြီး မျက်နှာကိုရိုက်ပစ်မယ်”ဟု ပြောခဲ့သည်ဟု သတင်းထွက်လာခဲ့သည်။

ထို့ပြင် မော်ရင်ဟိုသည် ရွန်နီကိုခေါ်ယူရန်ကြိုးပမ်းခဲ့ဖူးသည့်တိုင် ယင်းကစားသမားအား ‘ဝတုတ်’ဟု ပြောခဲ့ကြောင်း ဘီယာစလေက ဆိုသည်။

မော်ရင်ဟိုသည် ၂၀၀၄ တွင် လီဗာပူးလ်အသင်းကို အသည်းအသန်ကိုင်တွယ်ချင်ခဲ့သော်လည်း အသင်းပိုင်ရှင်များက ဘင်နီတက်ဇ်ကိုသာ ရွေးချယ်ခဲ့သည်ဟု လီဗာပူးလ်ကွင်းလယ်ကစားသမားဟောင်း ဒန်နီမာဖီကလည်း ဆိုခဲ့သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required