ကနီနဲ့ ဝက်လက်မြို့နယ်က စစ်ရှောင်အချို့ မျက်စိနာရောဂါ ဖြစ်ပွား

By KMN(မဇ္ဈိမ)
21 October 2023
ကနီနဲ့ ဝက်လက်မြို့နယ်က စစ်ရှောင်အချို့ မျက်စိနာရောဂါ ဖြစ်ပွား

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နှင့် ဝက်လက်မြို့နယ်မှာ စစ်ဘေးတိမ်းရှောင်နေရတဲ့ဒေသခံအချို့ မျက်ခမ်းစပ်ရောဂါ၊ မျက်စိနာရောဂါတွေ ဖြစ်ပွားနေတာတွေ့ရတယ်လို့ စစ်ဘေးရှောင်ကူညီပေးသူတွေက ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာဒေသခံတွေဟာ နှစ်လကျော် သုံးလနီးပါး တိမ်းရှောင်နေရတာပါ။

စစ်ရှောင်စခန်းတွေမှာ ရာသီဥတုအပြောင်းအလဲကြောင့် မျက်ခမ်းစပ်ရောဂါ မျက်စိနာရောဂါတွေဖြစ်ပွားနေပြီး ကူးစက်ပြန့်ပွားမှုရှိနိုင်တယ်လို့ ကနီမြို့နယ် သပိတ်ကော်မတီ တာဝန်ရှိသူက ပြောပါတယ်။

ကနီမြို့နယ်နဲ့ အလားတူ ဝက်လက်မြို့နယ်မှာလည်း စစ်ဘေးရှောင်တွေဟာ တောတောင်တွေထဲ တိမ်းရှောင်နေရပြီး မျက်စိကျိန်းတာ မျက်စိနဲ့ပတ်သက်တဲ့ ရောဂါအချို့ဖြစ်ပွားနေတာ တွေ့ရတယ်လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကပြောပါတယ်။

ရုပ်သံတင်ဆက်၊တည်းဖြတ် - KMN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly