တယ်လီနော၏ အထူးနံပါတ်များလေလံပွဲမှ အကျိုးအမြတ် ၂၃သန်းနီးပါးကို ဘ.ကကျောင်းတွင် လှူဒါန်း

တယ်လီနော၏ အထူးနံပါတ်များလေလံပွဲမှ အကျိုးအမြတ် ၂၃သန်းနီးပါးကို ဘ.ကကျောင်းတွင် လှူဒါန်း

ရန်ကုန်၊ မေ ၁၁ ။          ။ မန္တလေးမြို့တွင် ပြုလုပ်သည့် တယ်လီနော၏ အထူးနံပါတ်များလေလံပွဲမှ ရရှိသော အကျိုးအမြတ် ၂၂၈၉ သိန်း (၂၂၈.၉ သန်း) ကို ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအချို့ကို လှူဒါန်းခဲ့သည်။

အမြတ်ငွေများကို ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်ရှိ မြတ်လေးရုံဘုန်းတော်ကြီး စာသင်ကျောင်း နှင့် ပဲခူးမြို့နယ်ရှိ သင်္ခရိုင် မိဘမဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ဒစ်ဂျစ်တယ်ပညာရေးစင်တာ ဆောက်လုပ်ရန် မေလ ၁၀ ရက်က လှူဒါန်းခဲ့ခြင်းဖြစ်သည်။

“ချို့တဲ့နေတဲ့ ကလေးတွေအတွက် ပညာရေးထောက်ပံ့မှု အစီအစဉ်တွေမှာ လှူဒါန်းသူတွေနဲ့ ဘုန်းတော်ကြီးစာသင်ကျောင်းတွေကို ချိတ်ဆက်ပေးခွင့်ရတဲ့ အတွက် ဂုဏ်ယူမိပါတယ်။” ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr. Petter Furberg က ထုတ်ပြန်ချက်တွင် ထည့်သွင်း ပြောကြားခဲ့သည်။

တယ်လီနော၏ အထူးနံပါတ်များ လေလံပွဲကို ဒုတိယအကြိမ်မြောက်အဖြစ် မန္တလေးမြို့တွင် ၂၅ ရက်၊ မတ်လ၊ ၂၀၁၆ က ကျင်းပခဲ့သည်။

အထူးနံပါတ် ၄၃ပါဝင်ရာ နံပါတ် ၀၉ ၇၉ ၉၉၉ ၉၉၉၉ မှာ  အမြင့်ဆုံးလေလံအဖြစ်ပြီး ကျပ်ငွေ ၈၀၂ သိန်း (၈၀.၂ သန်း) ဖြင့် ရောင်းချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly