ကိုယ်ဝန်သည်တစ်ဦးအား ဗိုက်ဖုံးအကျီ င်္များ ပေးမည်ဆိုကာ အွန်လိုင်းမှ မျှားခေါ်ပြီး ဗိုက်ခွဲကာသန္ဓေသားထုတ်ယူခဲ့သည့် အမျိုးသမီး ထောင်ဒဏ် နှစ်တစ်ရာကျ

ကိုယ်ဝန်သည်တစ်ဦးအား ဗိုက်ဖုံးအကျီ င်္များ ပေးမည်ဆိုကာ အွန်လိုင်းမှ မျှားခေါ်ပြီး ဗိုက်ခွဲကာသန္ဓေသားထုတ်ယူခဲ့သည့် အမျိုးသမီး ထောင်ဒဏ် နှစ်တစ်ရာကျ

ကော်လိုရာဒို၊ ဧပြီ ၃၀ ။            ။ အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် လောင်းမွန့်မြို့တွင် အမျိုးသမီးတစ်ဦးက ကိုယ်ဝန်ဆောင်များဝတ်သည့် အဝတ်အစားများ အလကားပေးမည်၊ အိမ်သို့ လာရောက်ယူနိုင်သည်ဟု အွန်လိုင်းတွင် တင်ထားကြေညာခဲ့ပြီး ရောက်လာသည့် ကိုယ်ဝန်ဆောင်သူစိမ်းအမျိုးသမီးကို ဗိုက်ခွဲ၍ သန္ဓေသားအား ထုတ်ယူခဲ့ရာ သန္ဓေသား သေဆုံးခဲ့ရခြင်းအတွက်   ထောင်ဒဏ် နှစ် ၁၀၀ ချမှတ်ခံရသည်။

ယင်းမူခင်းဖြစ်ရပ်သည် ပြီးခဲ့သည့်နှစ် မတ်လအတွင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒိုင်နယ်လိန်းဆိုသူအမျိုးသမီးက ကလေးမွေးဖွားမည့် မိခင်လောင်း မစ်ချယ်ဝီကင်အား မီးဖိုချောင်သုံးဓားဖြင့် ဗိုက်ခွဲကာ သန္ဓေသား ထုတ်ယူခဲ့ခြင်းဖြစ်သည်။

ကိုယ်ဝန်ခုနစ်လရှိနေသည့် မစ်ချယ်က လိန်းအိမ်သို့ ရောက်ရှိပြီး ယခုကဲ့သို့ တိုက်ခိုက်ခြင်း ခံရရာတွင် အသက်ရှင်ကျန်ရစ်သော်လည်း သူ့၏ ဝမ်းတွင်းမှ သမီးလေးသန္ဓေသားမှာ သေဆုံးခဲ့ရသည်။

အသက် ၃၅ နှစ် လိန်းအား ဖေဖော်ဝါရီလတွင် လူသတ်ရန်ကြံစည်မှု၊ ကိုယ်ထိလက်ရောက်ပြင်းထန်စွာတိုက်ခိုက်မှု၊ ဥပဒေမဲ့ ကိုယ်ဝန်ပျက်ကျစေမှုများဖြင့် အပြစ်ပေးခြင်းဖြစ်သည်။

ယခုမူခင်းကြောင့် ကိုယ်ဝန်ဖျက်ခြင်းကိုလည်း လူသတ်မှုအတွင်း ထည့်သွင်းစဉ်းစားသင့်မသင့် ပြန်လည်သုံးသပ်ခဲ့ရသည်။

ကျုးလွန်သည့် လုပ်ရပ်က လူမဆန်ကြောင်း၊ တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းကြောင်း၊ ရက်စက်ကြမ်းကြုတ်လွန်းကြောင်း၊ ထို့အတွက် လိန်းအနေဖြင့် ထောင်ဒဏ် နှစ်တစ်ရာ ချမှတ်ခံသင့်ကြောင်း တရားသူကြီးက အမိန့်ချမှတ်သည်။

လိန်း၏ ရက်စက်စွာကျုးလွန်မှုဒဏ်ကို ခံစားခဲ့ရသည့် အသက် ၂၇ နှစ်ရှိ ဝီကင်က တရားရုံးပြစ်ဒဏ်ချမှတ်မှုအပြီး “သူလုပ်ခဲ့တဲ့ ဒဏ် သူထံပြန်လာပါလိမ့်မယ်။”ဟု မျက်ရည်များဖြင့် သတင်းထောက်များအား ပြောခဲ့သည်။

လိန်းသည် ကိုယ်ဝန်ရနိုင်သူ ဟုတ်မဟုတ်ကို ၎င်း၏ ခင်ပွန်းဖြစ်သူ သံသယဝင်ခြင်း ခံရပြီးနောက်ပိုင်း ကိုယ်ဝန်ရှိလာပြီဟု ဟန်ဆောင်နေခဲ့ကြောင်း၊ ယင်းနောက်ပိုင်း ဗိုက်ဖုံးအကျီ ၤများ အလကားပေးမည်ဟု ကိုယ်ဝန်သည်တစ်ဦးဦး ရောက်လာရန် အွန်လိုင်းပေါ်တွင် ကြေညာမျှားခေါ်ခဲ့ခြင်းဖြစ်ကြောင်း ရှေ့နေများက ပြောသည်။

ကြေညာအရ လိန်း၏ အိမ်သို့ ရောက်သွားသည့် ဝီကင်မှာ ခေါင်းကို အရိုက်ခံရကြောင်း၊ ယင်းနောက်ဗိုက်ခွဲခံရကာ ကလေးထုတ်ယူခြင်းခံရခြင်းဖြစ်ကြောင်း ဝီကင်က သက်သေခံထွက်ဆိုခဲ့သည်။

ဝီကင်ကို မြေအောက်ခန်းထဲတွင် လိန်းက ထားထားပြီး ၎င်းခင်ပွန်းပြန်ရောက်လာချိန်တွင် ကိုယ်ဝန်ပျက်ကျပြီဟုပြော၍ ဝီကင်ထံမှ ထုတ်ယူထားသည့် သေဆုံးနေပြီဖြစ်သော သန္ဓေသားကိုပါ ယူဆောင်ကာ ဆေးရုံသို့ သွားခဲ့ကြခြင်းဖြစ်ကြောင်း ရဲက ပြောသည်။

မြေအောက်ခန်းထဲမှ ဝီကင်က အရေးပေါ်ရဲဌာနသို့ ဖုန်းခေါ်ဆိုခဲ့ခြင်းဖြစ်ပြီး ရဲများ ရောက်လာချိန်တွင် အသက်ငွေ့ငွေ့သာရှိသည့် ဝီကင်ကို ကယ်တင်လိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required