ထောင်တွင်းရေးစပ်ထားသည့် “သံတိုင််နောက်က တွဲလက်များ”သီချင်း ထုတ်ဝေဖို့ရှိတဲ့ နိုင်ကျဥ်းဟောင်း အမျိုးသမီးနှင့်တွေ့ဆုံခြင်း (ရုပ်သံ)

By ဂန္ဒမာ (မဇ္ဈိမ)
07 November 2023
ထောင်တွင်းရေးစပ်ထားသည့် “သံတိုင််နောက်က တွဲလက်များ”သီချင်း ထုတ်ဝေဖို့ရှိတဲ့ နိုင်ကျဥ်းဟောင်း အမျိုးသမီးနှင့်တွေ့ဆုံခြင်း (ရုပ်သံ)

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများပြုလုပ်တဲ့အတွက် ၂၀၂၁ ခုနှစ်မှာ ဖမ်းဆီးခံရပြီး  ရာဇသတ်ကြီးပုဒ်မ (၅၀၅ -က) နဲ့ ထောင်ဒဏ် သုံးနှစ်ချမှတ်ခံရပြီး ၂၀၂၃ ခုနှစ် မေလမှာ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ နိုင်ကျဉ်းဟောင်း မဇူးဇူးမေယွန်းက သူမကိုယ်တိုင် ထောင်တွင်းမှာ ရေးစပ်ထားတဲ့ “သံတိုင််နောက်က တွဲလက်များ”သီချင်းကို မကြာမီကာလမှာ ထုတ်ဝေဖို့ရှိနေတယ်လို့ ဆိုပါတယ်။ 

စစ်တပ်ရဲ့ ထောင်ချောက်ဆင် ဖမ်းဆီးခြင်းကို ခံရတဲ့အချိန်မှာ အသက် ၂၇ နှစ်အရွယ်ရှိပြီး ကလေးနှစ်ယောက်မိခင်ဖြစ်တဲ့ မဇူးဇူးမေယွန်းက ထောင်တွင်းမှာလည်း နိုင်ကျဉ်းများနဲ့ ပြည်သူများအတွက် ရည်ရွယ်ကာ သီချင်းများရေးစပ်ရင်း အကျဉ်းချခံရတဲ့ကာလတွေကို ကျော်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့အချိန်မှာတော့ ထောင်တွင်းမှာရေးစပ်ခဲ့တဲ့သီချင်းကို အပြင်မှာလွတ်လွတ်လပ်လပ် ပုံဖော်နိုင်ဖို့ကြိုးစားခဲ့ပြီး ကြုံတွေ့ခဲ့ရတဲ့ နိုင်ကျဉ်းများကလည်း တူညီတဲ့ဆန္ဒရှိတဲ့အတွက် မကြာမီအချိန်မှာ သီချင်းတပုဒ်လုံးအပြည့် ပုံဖော်ပြီး နိုင်ငံရေးအကျဉ်းသူ/ အကျဥ်းသားများရဲ့ ဘဝကို သိရှိနိုင်ဖို့ ပြည်သူတွေဆီ သီချင်းပေးပို့သွားတော့မယ့် နိုင်ကျဉ်းဟောင်း မဇူးဇူးမေယွန်းနဲ့ မဇ္ဈိမက တွေ့ဆုံမေးမြန်းထားပါတယ်။

ရိုက်ကူး ၊ တင်ဆက် - ဂန္ဒမာ
တည်းဖြတ် - ဂန္ဒမာ
စာတည်း - သန့်ဇော်(သန်လျင်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required