စစ်အာဏာရှင်ဆန့်ကျင်ရေးချီတက်သည့်  ကျေးရွာပေါင်းစုံသပိတ်

By ပါခွီး (မဇ္စျိမ)
07 November 2023
စစ်အာဏာရှင်ဆန့်ကျင်ရေးချီတက်သည့်  ကျေးရွာပေါင်းစုံသပိတ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများ စုပေါင်းထား သည့် ကျေးရွာပေါင်းစုံသပိတ်ကော်မတီသည် စစ်အာဏာရှင်ဆန့်ကျင်ရေးချီတက်ပွဲကို နိုဝင်ဘာလ ၇ ရက် ယနေ့တွင် ပြုလုပ်ခဲ့သည်။

လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများ ဟစ်ကြွေးခဲ့ကြပြီး ကျဆုံးခဲ့ သည့် အာဇာနည်များကို အလေးပြုခဲ့ကြသည်။

လက်ရှိတွင် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့်အတူ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအစုအဖွဲ့များ စွာသည် ပိုမိုစုဖွဲ့လာကာ စစ်အုပ်စုကိုတွန်းလှန်တိုက်ထုတ်မှု တစတစများပြားလာနေပြီး စစ်ရေးတွင် တိုးတက်သကဲ့သို့ နိုင်ငံရေးအရအခြေမြှင့်နိုင်ရန် ပြည်သူများအနေဖြင့် ကြိုးစားရန်လိုကြောင်း သပိတ် ကော်မတီက တိုက်တွန်းထားသည်။

ထို့ပြင် လမ်းမထက်လူထုသပိတ်၊ CDM ၊ ဘူးသပိတ်နှင့် သံတမန်ရေး စသည့် လူထုကိုအခြေခံသည့် လှုပ် ရှားမှုများစွာကိုလည်း အရှိန်မြှင့်ရန်လိုအပ်ကြောင်း အသိပေးထားသည်။

ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းမှ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှစတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် ရက် ပေါင်း ၉၆၀ ရက်မြောက်ချီတက်ခြင်းဖြစ်သည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required