အများသုံးဘတ်စ်ကားတွေပေါ်မှာ တော်လှန်ရေးလှုပ်ရှားမှုတွေ ပြန်စလာ

By မိုးသောက် (မဇ္ဈိမ)
07 November 2023
အများသုံးဘတ်စ်ကားတွေပေါ်မှာ တော်လှန်ရေးလှုပ်ရှားမှုတွေ ပြန်စလာ

လူထုဆန္ဒပြပွဲတွေပျောက်သွားတဲ့ ရန်ကုန်မြို့မှာ အခုတော့ အများပြည်သူသုံး YBS ဘတ်စ်ကား တွေပေါ်တက်ပြီး တော်လှန်လူငယ်တွေက ပြည်သူထုကို လှုံ့ဆော်မှုပြုလုပ်လာတာ တွေ့ရပါတယ်။

တော်လှန်ရေးသီချင်းတွေ ဖွင့်ပြတာ၊ ဟောပြောစည်းရုံးတာ လက်ကမ်းစာစောင် ဝေငှတာတွေကို ပြုလုပ် ကြတာပါ။ စစ်ကောင်စီရဲ့စောင့်ကြပ်မှုအထပ်ထပ်တွေကြားကနေ YBS ပေါ်ကိုတက်ပြီး ဒီလိုလုပ်ဆောင်ဖို့ ဆိုတာ အဆင့်ဆင့်အကဲခတ်ပြီးမှ လုပ်နိုင်တယ်လို့ ဦးဆောင်သူတွေက ပြောပြပါတယ်။

ဒီလို ခဲရာခဲဆစ် ဟောပြောစည်းရုံးမှုတွေအပေါ်မှာ ရန်ကုန်လူထုရဲ့တုံ့ပြန်မှုက ဘယ်လိုရှိပါသလဲ။

နိုဝင်ဘာလ ၅ ရက်နေ့က ဘတ်စ်ကားပေါ်တက်ပြီး ဟောပြောစည်းရုံးမှုပြုလုပ်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အဖွဲ့ဝင်ကျောင်းသားတစ်ဦးဖြစ်တဲ့  ကိုတေဇက သူ့အတွေ့အကြုံကို  ပြောပါတယ်။

အများသုံးဘတ်စ်ကားတွေပေါ်မှာ လိုက်လံဟောပြောနေရတဲ့ ရည်ရွယ်ချက်ကတော့ စစ်အာဏာရှင် စနစ်အောက်မှာရှိနေရတာကိုမမေ့ဖို့နဲ့၊ သွေးမအေးသွားစေကြဖို့အတွက် ဖြစ်တယ်လို့ဆိုပါတယ်။

တည်းဖြတ်/တင်ဆက်- မိုးသောက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required