တနင်္သာရီတိုင်းထဲက မြို့နယ် ၂ခုမှာ ဒရုန်းစစ်ဆင်ရေး အရှိန်မြှင့်မည်ဟု ကာကွယ်ရေးအဖွဲ့ပြော (ရုပ်သံ)

By ကိုရွှေမြိတ်(မဇ္ဈိမ)
13 November 2023
တနင်္သာရီတိုင်းထဲက မြို့နယ် ၂ခုမှာ ဒရုန်းစစ်ဆင်ရေး အရှိန်မြှင့်မည်ဟု ကာကွယ်ရေးအဖွဲ့ပြော (ရုပ်သံ)

တနင်္သာရီတိုင်းထဲက တနင်္သာရီမြို့နယ် နဲ့ ကော့သောင်းမြို့နယ်တို့ကို ဒရုန်း စစ်ဆင်ရေးတွေ အရှိန်မြှင့် လုပ်ဆောင်သွားဖို့ ရှိနေတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင် တပ်ရင်း(၂)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

တနင်္သာရီတိုင်းမှာ စစ်ဆင်ရေးဌာနရဲ့ အထူးတပ်ဖွဲ့ ဖြစ်တဲ့ ဒရုန်းလက်ရုံး တပ်ဖွဲ့ကို ပြီးခဲ့တဲ့ လပိုင်းက ဖွဲ့စည်းလိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

တနင်္သာရီတိုင်း Dragon Squad မောင်းသူမဲ့ ဒရုန်းတပ်ဖွဲ့က တိုက်ပွဲပေါင်း ၂၀ကျော် တိုက်ခိုက်မှု ပြုလုပ်ထားတာ ဖြစ်တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်က ပြောပါတယ်။

တင်ဆက်/တည်းဖြတ် - ကိုရွှေမြိတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required