တရုတ်သမ္မတက ငြိမ်းချမ်းရေးဆုံးဖြတ်ချက်များကို ထောက်ခံသော်လည်း ကမ္ဘာကြီးကို မတည်မငြိမ် ဖြစ်အောင်ပြုလုပ်နေသည့် အဖွဲ့အစည်းများနှင့် လျှို့ဝှက်စွာ ပူးပေါင်းနေ

By The Singapore Post
12 November 2023
တရုတ်သမ္မတက ငြိမ်းချမ်းရေးဆုံးဖြတ်ချက်များကို ထောက်ခံသော်လည်း ကမ္ဘာကြီးကို မတည်မငြိမ် ဖြစ်အောင်ပြုလုပ်နေသည့် အဖွဲ့အစည်းများနှင့် လျှို့ဝှက်စွာ ပူးပေါင်းနေ

တရုတ်အစိုးရက ကမ္ဘာကြီးကို မတည်မငြိမ်ဖြစ်အောင်ပြုလုပ်နေသည့် အဖွဲ့အစည်းအချို့နှင့် တစ်ဖက်တွင် လျှို့ဝှက်စွာ ပူးပေါင်းဆောင်ရွက်နေချိန်တွင် နိုင်ငံတကာပဋိပက္ခများကို ငြိမ်းချမ်းစွာဖြေရှင်းရန် တရုတ် ခေါင်းဆောင် ရှီကျင့်ဖျင်က လူသိရှင်ကြား ထောက်ခံအားပေးနေခြင်းက ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်ရေးနှင့် ပတ်သက်၍ ပြဿနာဖြစ်စေနိုင်သည့် တရုတ်နိုင်ငံခြားရေးမူဝါဒ၏ ရှေ့နောက်မညီမှုကို ဖော်ပြနေသည်။

အရှေ့အလယ်ပိုင်းတွင် အစ္စရေးနှင့် ဟားမတ်စ်တို့အကြား တိုက်ပွဲများ အဆုံးသတ်ရေး တရုတ်က ကျယ်ကျယ် လောင်လောင်တောင်းဆိုခဲ့ပြီး စစ်မက်ဖြစ်ပွားနေသော အုပ်စုများအား မျှမျှတတဆက်ဆံမည့်ပုံစံ ပုံဖော်ခဲ့သည်။

သို့သော် လက်တွေ့တွင်မူ တရုတ်အစိုးရက ဟားမတ်စ်များကို သွယ်ဝိုက်၍ ပံ့ပိုးကူညီနေခြင်းဖြင့် အကြမ်းဖက်  ဝါဒကို မီးထိုးပေးနေသည်။ ဂါဇာပဋိပက္ခတွင် ရှီ၏ ရပ်တည်ချက်သည် ယူကရိန်း ပဋိပက္ခနှင့် ပတ်သက်ပြီး ၎င်း၏ ရပ်တည်ချက်ကို ထင်ဟပ်စေသည်။

အဆိုပါကိစ္စရပ် ၂ခုစလုံးတွင် တရုတ်က အခြေခံကျသော ကြားနေရေးကို ခံယူထားပြီး ရုရှားသမ္မတ ပူတင်နှင့် ဆက်ဆံရေးကို နက်ရှိုင်းစေရေးဆောင်ရွက်နေချိန်တွင် တစ်ဖက်တွင် ငြိမ်းချမ်းရေး ပဏာမခြေလှမ်းများကိုပင် စတင်ခဲ့သည်။

တရုတ်၏ ချဉ်းကပ်မှု၏ အခြေခံဗျူဟာမှာ အမေရိကန်ကို ထိခိုက်စေရန်နှင့် တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှုကို အားကောင်းစေရေးအတွက် ယင်းအကျပ်အတည်းများကို အသုံးချရန်ဖြစ်သည်။

အဆုံးသတ်တွင် ရှီက ရန်လိုသူများကို ထောက်ပံ့ကာ နောက်ဆက်တွဲ မငြိမ်မသက်ဖြစ်မှုများအတွက် အမေရိကန်ကို အပြစ်ပုံချပြီး ကမ္ဘာ့ပြဿနာများကို သာလွန်ကောင်းမွန်သော ဖြေရှင်းနည်းများဖြင့် တာဝန်သိ ငြိမ်းချမ်းရေးဖော်ဆောင်သူအဖြစ် ပုံဖော်ချင်နေပုံရသည်။

ယင်းကြိုးပမ်းမှုကို တရုတ်နှင့် ရုရှားတို့ ပူးပေါင်းဆောင်ရွက်နေကြောင်း ထင်ရှားလှသည်။ ဥပမာအားဖြင့် ယူကရိန်းအရပ်သားများကို ရုရှားစစ်တပ်က အန္တရယ်ပေးနေချိန်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗ်ရော့ဗ်နှင့် ဆွေးနွေးချိန်အတွင်း ဂါဇာတွင် အပစ်အခတ်ရပ်စဲရန် ဂုဏ်သိက္ခာမဲ့စွာ တောင်းဆိုခဲ့သည်။

တရားဝင်အားဖြင့်၊ တရုတ်ခေါင်းဆောင်များသည် ဂါဇာပဋိပက္ခတွင် ဘက်မလိုက်သောပုံပေါ်စေရန် ကြိုးပမ်းနေပြီး အကြမ်းဖက်မှုပုံစံအားလုံးနှင့် အရပ်သားများအပေါ် တိုက်ခိုက်မှုများကို ရှုတ်ချခြင်းကဲ့သို့သော ယေဘုယျကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

သို့သော် လက်ရှိအကျပ်အတည်းကို ဖြစ်ပေါ်စေသည့် အစ္စရေးနိုင်ငံသားများအပေါ် အောက်တိုဘာ ၇ ရက်က ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများအတွက် တရုတ်က ဟားမတ်စ်ကို ရှုတ်ချခြင်းမပြုခဲ့ပေ။

ရန်လိုမှုများ ပြင်းထန်လာသည်နှင့်အမျှ တရုတ်၏ ရပ်တည်ချက်သည် အစ္စရေးအပေါ် မျက်နှာသာမပေးခဲ့ပေ။

ဟားမတ်စ်တိုက်ခိုက်မှုအပြီး တစ်ပတ်အကြာ အောက်တိုဘာလ ၁၄ ရက်တွင် အစ္စရေး၏ တုံ့ပြန်မှုသည် မိမိကိုယ်ကို ခုခံကာကွယ်မှုဘောင်ကို ကျော်လွန်သွားပြီဟု ဝမ်ယိက အခိုင်အမာ ပြောကြားခဲ့သည်။

စိတ်ဝင်စားစရာကောင်းသည်က အစ္စရေး ဓာစာခံများကို လွှတ်ပေးရန် တရုတ်သံအမတ်ကြီးက ဟားမတ်စ်များ ကို မတိုက်တွန်းဘဲ၊ ဂါဇာကို ပိတ်ဆို့ထားမှုကို ရုပ်သိမ်းပေးရန် အစ္စရေးကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required