အရှိန်မြှင့်နေသည့် စစ်ရေးကို အောင်သပြေဖြင့် သပိတ်တပ်ပေါင်းစု ကြိုဆို

By ပါခွီး(မဇ္စျိမ)
12 November 2023
အရှိန်မြှင့်နေသည့် စစ်ရေးကို အောင်သပြေဖြင့် သပိတ်တပ်ပေါင်းစု ကြိုဆို
ပုံအညွှန်း- အောင်သပြေသပိတ် ဆင်နွှဲနေသည့် သပိတ်တပ်ပေါင်းစု (ဓာတ်ပုံ- ပေးပို့)

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်အတွင်းရှိ သပိတ်စစ်ကြောင်းများ စုပေါင်း၍ စစ်ရေးအရှိန်မြှင့်နေသည့် ညီနောင်သုံးဖော်နှင့် မဟာမိတ်အဖွဲ့များအား အောင်သပြေပန်းများဖြင့် ကြိုဆို ချီတက်မှုကို ယနေ့  နိုဝင်ဘာလ ၁၂ရက်တွင် ပြုလုပ်ခဲ့သည်။

လူထုသပိတ်စစ်ကြောင်းများဖြစ်သော လူငယ့်အားမာန်သပိတ်စစ်ကြောင်း ၊ ယင်းမာပင်- ဆားလင်းကြီးကျေးရွာပေါင်းစုံသပိတ်ကော်မတီ၊ အမျိုးသမီးမဟာမိတ် အင်အားစု(WAB) နှင့် ဒေသခံ ပြည်သူများ ပူးပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် လူတစုကောင်းစားရေးအတွက် အသက်ပေးနေကြသော စစ်ကောင်စီတပ်ဖွဲ့ ဝင်များအနေဖြင့် ဖက်ဆစ်တပ်ကိုစွန့်ခွာပြီး ပြည်သူ့ရင်ခွင်ကို ခိုဝင်ကြရန်နှင့် နွေးထွေး စွာကြိုဆိုနေကြောင်း ထုတ်ဖော်ပြသခဲ့ကြသည်။
ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ သပိတ်စစ်ကြောင်းများသည် စစ်အာဏာရှင်ကို နေ့စဥ်ရက်ဆက် ဆန့်ကျင်ချီတက်နေကြခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required