ဒီမိုကရေစီစနစ်ကြောင့် ဘင်္ဂလားဒေ့ရှ် တိုးတက်ဖွံ့ဖြိုးလာနေ

By Asian Lite
10 November 2023
ဒီမိုကရေစီစနစ်ကြောင့် ဘင်္ဂလားဒေ့ရှ် တိုးတက်ဖွံ့ဖြိုးလာနေ

ဘာသာရေးကိုအခြေခံ၍ ၁၉၄၇ ခုနစ်တွင် အိန္ဒိယကို နှစ်ပိုင်းခွဲခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် ပါကစ္စတန်သည် ပြည်တွင်းစစ်ကြောင့် နှစ်ပိုင်းကွဲခဲ့ပြန်သည်။

အရှေ့ပါကစ္စတန်က ဘင်္ဂလားဒေ့ရှ်ဖြစ်လာခဲ့သည်။ ထို့ကြောင့် နိုင်ငံတစ်ခုထဲမှ အိန္ဒိယ၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ် ဟူ၍ နိုင်ငံ ၃ နိုင်ငံဖြစ်တည်လာခဲ့သည်။

ကျယ်ပြောလှသည့် ပထဝီအနေအထားကြောင့် ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP) တွင် အိန္ဒိယက အကြီးဆုံးဖြစ်ပြီး ယင်းနောက်တွင် ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်တို့ရှိနေသည်။

သို့သော် တစ်ဦးချင်းဝင်ငွေအနေဖြင့် ၂၀၁၅ခုနှစ်တွင် ဒေါ်လာဖြင့် တွက်ပါက ပါကစ္စတန်သည် အချမ်းသာ ဆုံးဖြစ်သည်။

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် သိသိသာသာဆင်းရဲကြပြီး ဘင်္ဂလားဒေ့ရှ်ကို အမေရိကန်က ဒုက္ခပွေနေသည့် နိုင်ငံဟု နာမည်ဆိုးဖြင့် ရည်ညွှန်းကာ ဘင်္ဂလားဒေ့ရှ်သည် အငတ်ဘေးနှင့် သဘာဝဘေးဆိုးများ ဆိုးရွားစွာ ကြုံတွေ့ခဲ့ရသည်။

အိန္ဒိယသည် ယခုအခါ ကမ္ဘာတွင် အလျင်အမြန်တိုးတက်လာသည့် အဓိက စီးပွားရေးနိုင်ငံဖြစ်ပြီး ဘင်္ဂလား ဒေ့ရှ်သည် ပါကစ္စတန်ကို ဂျီဒီပီနှင့် လူတစ်ဦးချင်း ဂျီဒီပီတို့တွင် ကျော်တက်သွားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်၏ ဖွံ့ဖြိုးတိုးတက်မှုက ဘက်ပေါင်းစုံလှသည်။ ၁၉၇၂ခုနှစ်တွင် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ တင်ပို့မှုတွင် ဘင်္ဂလားဒေ့ရှ်က ဂျီဒီပီ၏ ၅ ဒသမ ၇ ရာခိုင်နှုန်းသာရှိပြီး ပါကစ္စတန်က ၇ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့သည်။

သို့သော် ၂၀၂၂ခုနှစ်တွင် ပို့ကုန်များကဏ္ဍသည် ဘင်္ဂလားဒေ့ရှ်ဂျီဒီပီ၏ ၁၂ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး ပါကစ္စတန် က ၁၀ ဒသမ ၅ ရာခိုင်နှုန်းသာရှိခဲ့သည်။ ၁၉၉၁ခုနှစ်ကတည်းက ဘင်္ဂလားဒေ့ရှ်ကို ရွေးကောက်ခံအစိုးရများက အုပ်ချုပ်ခဲ့ပြီး နိုင်ငံရေးအရ တည်ငြိမ်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်သည် ပြီးခဲ့သည့် ၁၅နှစ်အတွင်း မကြုံစဖူး အခြေခံ အဆောက်အအုံများတည်ဆောက်ခြင်းနှင့် နိုင်ငံခြားကြွေးမြီများ မြင့်တက်လာခဲ့သော်လည်း ကြီးကြီးမားမား စီးပွားရေးဆိုင်ရာ အခက်အခဲများ မကြုံခဲ့ရပေ။

နှိုင်းယှဉ်ကြည့်ပါက စစ်အာဏာရှင်များသည် ဘင်္ဂလားဒေ့ရှ်တွင် ၁၉၇၅ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အထိ ၁၅ နှစ်ဆက်တိုက် အာဏာရခဲ့သည်။
ထို့နောက်တွင် ရွေးကောက်ပွဲ နှစ်ခုကြားတွင် စစ်တပ်က ကျောထောက်နောက်ခံပြုထားသော အိမ်စောင့် အစိုးရများက အမည်ခံဒီမိုကရေစီဖြင့် အုပ်ချုပ်ခဲ့ကြသည်။ တစ်ချိန်က အိမ်စောင့်အစိုးရများသည် အာဏာကို လွန်ကဲစွာ ချုပ်ကိုင်ထားလေ့ရှိသည်။

နောက်ဆုံးအိမ်စောင့်အစိုးရသည် ၂၀ဝ၆ ခုနှစ်မှ ၂၀ဝ၈ ခုနှစ်အထိ ၂ နှစ်နီးပါး အာဏာရခဲ့သည်။ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် ၂၀ဝ၈ ခုနှစ်ကတည်းက အာဏာရလာပြီးကတည်းက အိမ်စောင့်အစိုးရခေတ်သည် ထာဝရအဆုံးသတ်သွားခဲ့သည်။

၂၀၁၃ ခုနှစ်တွင် တရားရုံးချုပ်က အိမ်စောင့်အစိုးရများဆိုင်ရာ ပြဋ္ဌာန်းချက်များကို ဖယ်ရှားခဲ့သည်။ ယင်းအချက်ကို အတည်မပြုမီ၂၀၁၁ ခုနှစ်တွင် ရွေးကောက်ခံအစိုးရကို စစ်တပ်က အာဏာသိမ်းရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

စီးပွားရေးစူပါပါဝါအဖြစ် လျင်မြန်စွာ ပေါ်ထွက်နေသည့် အိန္ဒိယကဲ့သို့  ဘင်္ဂလားဒေ့ရှ်၏ ဒီမိုကရေစီသည် ရင့်ကျက်မှု မရှိသေးပေ။ သို့သော် ဘင်္ဂလားဒေ့ရှ်စစ်တပ်၏ ဝင်ရောက်စွက်ဖက်မှုမှ နိုင်ငံရေးကို ခိုင်လုံစွာ ကာကွယ်ထားနိုင်ကြောင်း လုံလောက်သော အထောက်အထားများ ရှိပါသည်။

ဆယ်စုနှစ်များစွာ ရွေးကောက်တင်မြှောက်ထားသော အစိုးရများ၏ တည်ငြိမ်သော အုပ်ချုပ်မှုသည် ဒီမိုကရေစီကို ခိုင်မာအားကောင်းစေသည့် သက်သေဖြစ်သည်။  စီးပွားရေး သာယာဝပြောရေးနှင့် ငြိမ်းချမ်းမှုမှ အကျိုးအမြတ်များ ရရှိနေသည်။ ပါကစ္စတန်သည် ယင်းကဲ့သို့သော အကျိုးကျေးဇူးများ ဆုံးရှုံးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required