ချင်းလူမျိုးတွေရဲ့ နွေဦးတော်လှန်ရေးကို အခြေခံရိုက်ကူးထားတဲ့ RAM RIAN(My duty) ရုပ်ရှင် (အင်တာဗျူး)

By ကိုခင်မောင်(မဇ္စျိမ)
08 November 2023
ချင်းလူမျိုးတွေရဲ့ နွေဦးတော်လှန်ရေးကို အခြေခံရိုက်ကူးထားတဲ့ RAM RIAN(My duty) ရုပ်ရှင် (အင်တာဗျူး)

ချင်းလူမျိုးတွေရဲ့ တော်လှန်ရေးနဲ့ပတ်သက်ပြီး အခြေခံရိုက်ကူးထားတဲ့ “RAM RIAN( My Duty)” ရုပ်ရှင် ဇာတ်လမ်းတိုကို နိုဝင်ဘာလအတွင်း ကိုးရီးယားနိုင်ငံမှာ စတင်ပြသသွားမယ်လို့ ရုပ်ရှင်ဖန်တီးသူ  ဒါရိုက်တာ Salai Tialbawiling က မဇ္ဈိမကို ပြောပါတယ်။

လက်ရှိ မြန်မာပြည်မှာဖြစ်နေတဲ့ စစ်ရေးအခင်းအကျင်းကို ဒီရုပ်ရှင်က ကမ္ဘာကို မိတ်ဆက်ပေးလိမ့်မယ်လို့လည်း သူက ပြောပါတယ်။

“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ စစ်ဖြစ်နေတာကို ကမ္ဘာက သိပ်မသိဘူး၊ ယူကရိန်းနဲ့ ရှရှားစစ်ဖြစ်တယ်၊ ပိုဆိုးတာက ပြီးတော့ ဟားမတ်စ်နဲ့ အစ္စရေး စစ်ပြီးခဲ့တဲ့ နှစ်လလောက်က စဖြစ်လာတယ်၊ World media Attention က အဲ့ဒီမှာ အကုန်လုံးရောက်တယ်၊ မြန်မာပြည်မှာ အင်မတန်မှ ဆိုးရွားတဲ့  ရက်စက်ကြမ်း ကြုတ်တဲ့ လူစိတ်မရှိတဲ့ စစ်တပ်တွေက ပြည်သူတွေကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်တာကို ကမ္ဘာက မသိဘူး၊ သူတို့ကိုယ်စား ဒီရုပ်ရှင်က ကမ္ဘာကို ပုံဖော်ပြသမှာဖြစ်ပါတယ်၊” ဟု ဒါရိုက်တာ Salai Tialbawiling ကမဇ္စျိမကို ပြောပါတယ်။

RAM RIAN( My Duty) ရုပ်ရှင် ဇာတ်လမ်းတိုကို ကိုရီးယားအပြင်  ဥရောပနိုင်ငံ၊  ကနေဒါ၊ သြစတြေးလျမှာလည်း ဆက်လက်ပြသသွားမယ်လို့ ဒါရိုက်တာ Salai Tialbawiling က ဆိုပါတယ်။

RAM RIAN(My duty)ရုပ်ရှင် ရိုက်ကူးမှုနဲ့ ပတ်သက်ပြီး ဒါရိုက်တာ Salai Tialbawilingကို မဇ္စျိမသတင်းထောက် ကိုခင်မောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

တည်းဖြတ်-ကိုသန့်ဇင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required